Main menu

အင်ဒိုနီးရှား၏ ပြန်လည်ပြင်ဆင်ထားသော စားအုန်းဆီ တင်ပို့မှု မူဝါဒနှင့် စားအုန်းဆီကြမ်း ရည်ညွှန်း စျေးနှုန်းမြင့်မားမှုတို့က သွင်းကုန် ကုန်ကျစရိတ်များကို မြင့်တက်စေလျက်ရှိ

Powered by Drupal

      စားအုန်းဆီအတွက် အင်ဒိုနီးရှား၏ နောက်ဆုံးချမှတ်ထားသော ပို့ကုန်မူဘောင်သည် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့မှုနှင့် သွင်းကုန်စရိတ်များ မြင့်မားလာစေရန် အလားအလာဖြစ်ပေါ် လျက်ရှိပြီး အိန္ဒိယကဲ့သို့သော အဓိကဝယ်လက်များတွင် အထူးထိခိုက်လွယ်စေသည်။ စျေးကွက် အပေါ် သက်ရောက်မှုအနေဖြင့် အင်ဒိုနီးရှားအစိုးရ၏မူဝါဒအပေါ် အကောင်အထည်ဖော်မှု အရှိန်နှင့် တင်းကျပ်သော ကန့်သတ်ချက်များအပေါ်တွင် မူတည်လျက်ရှိသည်။ သို့သော် မူဝါဒဆိုင်ရာအချက် ပြမှုများက ပိုမိုခိုင်မာသော ပို့ကုန်အပေါ် အခွန်ကောက်ခံမှုများနှင့် ပို့ကုန်စီးဆင်းမှုအပေါ် တင်းကျပ် သော ထိန်းချုပ်မှုတို့ကို ညွှန်ပြနေပြီဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ စားသုံးဆီ ဈေးကွက်တွင် စားအုန်းဆီ၊ နေကြာဆီနှင့် ပြည်တွင်းထုတ် စားသုံးဆီများကြား ဆက်စပ်ဖြစ်ပေါ် နေသောစျေးနှုန်းကို ပြန်လည် အကဲဖြတ်သုံးသပ်နေကြပြီး အထူးသဖြင့် စားအုန်းဆီ အဓိကတင်သွင်းသည့် အိန္ဒိယနိုင်ငံတွင် ဖြစ်သည်။ အင်ဒိုနီးရှားသည် အောက်တိုဘာလတွင် စားအုန်းဆီ ကြမ်းရည်ညွှန်းစျေးနှုန်းနှင့် ဆက်စပ်ပို့ကုန်ခွန် ကို တိုးမြှင့်သတ်မှတ်ခဲ့ပြီး ပို့ကုန်အပေါ် အုပ်ချုပ်မှုစနစ်သစ်သည် မဟာဗျူဟာမြောက် အရင်းအမြစ် ပစ္စည်းများ (စားအုန်းဆီကြမ်း၊ ကျောက်မီး သွေး၊သတ္တု)အတွက် မူဘောင်တစ်ခုအဖြစ် ချမှတ်ကာ ထိန်းချုပ်မှုစနစ်ကို စုစည်းသတ်မှတ်ထားသည်။ ရုပ်ပိုင်းဆိုင်ရာအရ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်း မှုများ ဆက်လက်ဖြစ်ပေါ် နေသော်လည်း မကြာမီကာလအတွင်း နိုင်ငံတကာစားအုန်းဆီ ဈေးနှုန်း များအပေါ် အန္တရာယ်ဖြစ်ပေါ်နိုင်မှု အလားအလာများ ဆက်လက်တည်ရှိနေမည်ဟု ခန့်မှန်းပြောကြား ထားသည်။

      အင်ဒိုနီးရှား ကုန်သွယ်ရေးဝန်ကြီးဌာနသည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလတွင် စားအုန်း ဆီကြမ်း (CPO) ရည်ညွှန်းစျေးနှုန်းကို တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁,၀၄၂ သတ်မှတ်ခဲ့ရာ ယခင်လထက် ၃ % ၄ % ခန့်တိုးမြှင်သတ်မှတ်ခဲ့ပြီး ပို့ကုန်အခွန်နှုန်းထား သည်လည်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၇၈ ဒေါ်လာခန့်သတ်မှတ်ထားသည်။ ယင်းစံပြု စျေးနှုန်းသတ်မှတ်ချက်များ က အင်ဒိုနီးရှားနိုင်ငံထုတ် ပို့ကုန်များအပေါ် အနိမ့်ဆုံးကြမ်းခင်း ဈေးနှုန်းဖြစ်စေပြီး စားအုန်းဆီ သန့်စင်ထုတ်လုပ်သူများနှင့် တင်သွင်းသူများအတွက် အခြေခံကုန်ကျစရိတ်များကို မြင့်တက်စေပါ သည်။
      Bursa Malaysia နှင့် Rotterdam ကုန်စည်ဒိုင်တို့ရှိ ကြိုပွိုင့်စံပြုဈေးနှုန်းများသည် ယခင် ကတည်းက ပိုမိုတင်းကျပ်နေပြီဖြစ်သော်လည်း မြင့်မားသော ရည်ညွှန်းစျေးနှုန်းနှင့် အကောက်ခွန် နှုန်းထား သတ်မှတ်ချက်တို့က ဈေးတက်စေမည့်အလားအလာကို အားဖြည့်ပေးလျက်ရှိသည်။ အိန္ဒိယဝယ်လက်များအတွက် စားအုန်းဆီနှင့် ပြိုင်ဖက်ဆီများ (ပဲပုပ်ဆီ၊ နေကြာဆီ) ကြား ဈေးနှုန်း ကွာဟမှု ကျဉ်းမြောင်းလာမှုက ပဲပုပ်ဆီ သို့မဟုတ် နေကြာဆီမှ စားအုန်းဆီသို့ အပြင်းအထန် ပြောင်းလဲဝယ်ယူရေး မက်လုံးကို ကျဉ်းမြောင်းသွားစေပါသည်။
      အင်ဒိုနီးရှားသည် နိုင်ငံတကာ စားအုန်းဆီဈေးကွက်တွင် အသာစီးရ နေသေးသောကြောင့် ပို့ကုန်လိုအပ်ချက်များ၊ ပြည်တွင်းခွဲဝေချထားမှု သို့မဟုတ် တင်ပို့မှုအခြေအနေများအပေါ် ချမှတ်သော ပြုပြင်ပြောင်းလဲမှုတိုင်းက ကမ္ဘာ့စားသုံးဆီကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုတစ်လျှောက် လျင်မြန်စွာ တုန်လှုပ်သွားစေပါသည်။ ပို့ကုန်မူဝါဒသစ်သည် စားအုန်းဆီနှင့် စားအုန်းဆီ အခြေပြု ထုတ်ကုန် များကို “မဟာဗျူဟာမြောက် သဘာဝအရင်းအမြစ်များ” အဖြစ် ပြတ်သားစွာ အသိအမှတ်ပြုထား ပြီး အင်ဒိုနီးရှား၏ National Single Window စနစ်မှတစ်ဆင့် လိုင်စင် ခွင့်ပြုခြင်း (licensing) နှင့် စောင့်ကြည့်ခြင်း (monitoring)တို့ကို ပေါင်းစပ်ဖော်ဆောင်ထား သည်။ 
       အိန္ဒိယနိုင်ငံအတွက် ရုပ်ပိုင်းဆိုင်ရာအရ စားအုန်းဆီ အလွယ်တကူဝယ်ယူလိုမှုအပေါ် သက်ရောက်စေသည်သာမက ပဲပုပ်ဆီ၊ နေကြာဆီတို့နှင့် ပြည်တွင်းထုတ် စားသုံးဆီများကြား ဈေးနှုန်းပြိုင်ဆိုင်မှုများကိုပါ ဖြစ်ပေါ်စေလျက်ရှိသည်။ ပိုမိုတင်းကျပ်သော အင်ဒိုနီးရှားပို့ကုန် ထိန်းချုပ် စနစ်သည် ပို့ကုန်ပါမစ်ထုတ်ပေးခွင့်ကို နှေးကွေးစေခြင်း၊ တင်ပို့သည့် အချိန်ကို ပြောင်းလဲစေခြင်း သို့မဟုတ် ဦးစားပေးဝယ်ယူသူများထံသို့ ပမာဏကို လမ်းကြောင်းပြောင်းသွား စေနိုင်စေပြီး ယင်း အခြေအနေတို့က အိန္ဒိယနိုင်ငံ၏ အခြားဆီထွက်သီးနှံ ရင်းမြစ်ပစ္စည်းများအပေါ် မူဝါဒကို တိုးမြှင့် ဖော်ဆောင်မှု မြင့်မားလာစေမည်ဖြစ်သည်။
       အင်ဒိုနီးရှား၏ဝန်ကြီးဌာနအဆင့် စားအုန်းဆီတင်ပို့မှုဆိုင်ရာ စည်းမျဉ်းအသစ် (Permendag No.16/2026) သည် အစောပိုင်းတင်ပို့မှုစည်းမျဉ်းများကို အစားထိုးပြီး မဟာဗျူဟာ-ကုန်စည်ဆိုင်ရာ မူဘောင်တစ်ခုအောက်တွင် ထိန်းချုပ်မှုများကို စုစည်းထားသည်။ ပို့ကုန် လုပ်ငန်းရှင်များသည် ပို၍ ဗဟိုချုပ်ကိုင်မှုစနစ်ဖြင့် ပါမစ်ခွင့်ပြုခြင်းကို လိုက်နာရမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ် နှစ်ကုန်အထိ အကူး အပြောင်းကာလအဖြစ်သတ်မှတ်ထားကာ ဗဟိုချုပ်ကိုင်မှုစနစ်သို့ တဖြည်းဖြည်းကူးပြောင်းသွားမည် ဖြစ်သည်။
       တစ်ချိန်တည်းမှာပင် စားအုန်းဆီကြမ်း(CPO) ရည်ညွှန်းဈေးနှုန်းများမြင့်မားခြင်းနှင့် ရေရှည် တည်တံ့သော ပို့ကုန်ခွန်ကောက်ခံမှုသည် တစ်တန်အပေါ် ဘဏ္ဍာရေး အရယူမှုကို မြင့်တက်စေပြီး ပြည်တွင်းဇီဝဒီဇယ်ဆီမူဝါဒ၊ ဘဏ္ဍာရေးဝင်ငွေနှင့် ပို့ကုန်စီးဆင်းမှုတို့ကြား ဆက်စပ်မှုကို အားဖြည့် ပေးပါသည်။ ပေါင်းစပ်အကျိုးသက်ရောက်မှုတစ်ရပ်အနေဖြင့် အခွန်များ၊ စည်းကြပ်မှုများနှင့် စီမံ ခန့်ခွဲရေးဆိုင်ရာ ထိန်းချုပ်မှုများမှတစ်ဆင့် ထိရောက်သည့် တင်ပို့နိုင်သော ထောက်ပံ့မှုများကို ပိုမို လျင်မြန်စွာချိန်ညှိပေးနိုင်သည့် မူဘောင်တစ်ရပ်ဖြစ်စေသော်လည်း နိုင်ငံတကာ စျေးနှုန်းကဏ္ဍတွင် ထည့်သွင်းစဉ်းစားလေ့ရှိသည့် မူဝါဒအန္တရာယ် (policy risk) ကို မြင့်တက်လာစေသည့် စနစ်တစ်ခု ဖြစ်သည်။
       မဝေးတော့သောကာလတွင် စားအုန်းဆီ ဈေးနှုန်းအတွက် အဆုံးအဖြတ်ပေးသည့် အချက်မှာ အင်ဒိုနီးရှားသည် ပို့ကုန်အုပ်ချုပ်ရေးစနစ်သစ်ကို တင်းတင်းကျပ်ကျပ် မည်ကဲ့သို့ ကျင့်သုံးသည်နှင့် ပါမစ်ထုတ်ပေးခြင်း သို့မဟုတ် တင်ပို့မှုအချိန်ဇယားများတွင် အုပ်ချုပ်ရေး ဆိုင်ရာသဘောထားကွဲလွဲ မှုများ ပေါ်ပေါက်လာမှုရှိခြင်းတို့ဖြစ်သည်။ အကောင်အထည်ဖော်မှု နှောင့်နှေးခြင်း သို့မဟုတ် ပိတ်ဆို့မှုများ ဖြစ်ပေါ်လာပါက သွင်းကုန်ဈေးကွက်သည် အထူးသဖြင့် အခြားစားသုံးဆီများနှင့် တိုက်ရိုက်ယှဉ်ပြိုင်သည့် အိန္ဒိယတွင် ကြိုတင်ဝယ်ယူမှုများ ရှိလာနိုင် ကြောင်းဖော်ပြထားသည်။
       အရှေ့တောင်အာရှဒေသတွင် ရာသီဥတုအခြေအနေသည် ရာသီအလိုက် အရေးကြီး သော်လည်း အလွန်တိုတောင်းသောကာလတွင် အဓိကမောင်းနှင်အားမဟုတ်ပေ။ စားသုံးဆီကုန်သည် များအနေဖြင့် ပို့ကုန်အခွန်ကောက်ခံမှု၊ ဇီဝဒီဇယ်ဆီလုပ်ပိုင်ခွင့်များနှင့် ထောက်ပံ့မှု (ရောင်းလိုအား) တင်းကျပ်မှု၊ ဈေးနှုန်းကွာဟချက်များနှင့် ရည်ညွှန်းစျေးနှုန်းများအတွက် နောက်ထပ် ပြုပြင်ပြောင်းလဲ မှုမှန်သမျှကို စောင့်ကြည့်မည်ဖြစ်သည်။
       သွင်းကုန်လုပ်ငန်းရှင်များသည် အောက်တိုဘာလတွင် အင်ဒိုနီးရှားစားအုန်းဆီ တင်ပို့မှု ကုန်ကျစရိတ် ပိုမိုမြင့်မားလာမည်ဟု မျှော်မှန်းထားပြီး ရည်ညွှန်းစျေးနှုန်းများ ထပ်မံမြင့်တက်လာပါက နောက်ထပ်ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။ အိန္ဒိယဝယ်လက်များသည် ဖြစ်နိုင်ချေ ရှိသော စီမံခန့်ခွဲရေးနှောင့်နှေးမှုများ သို့မဟုတ် နောက်ထပ်အခွန်မူဝါဒအပြောင်းအလဲများကို တားဆီး ရန်အတွက် စားအုန်းဆီကို ပဲပုပ်ဆီ၊ နေကြာဆီတို့နှင့် နှိုင်းယှဥ်ကာ စျေးနှုန်းများကို စောင့်ကြည့်၍ ချင့်ချိန်ဝယ်ယူမှုပြုလာနိုင်သည်။ စားသုံးဆီသန့်စင်ခြင်းလုပ်ငန်းရှင်များနှင့် ဆီကုန်သည်များသည် အင်ဒိုနီးရှား၏ ပို့ကုန်စီးပွားရေး ပြုပြင်ပြောင်းလဲနိုင်မှု မြင့်တက်နေသောကြောင့် အကောက်ခွန် သို့မဟုတ် စည်းကြပ်မှုဆိုင်ရာအပိုဒ်များ အပါအဝင် အရောင်းအဝယ်စာချုပ်များတွင် မူဝါဒပြောင်းလွယ် ပြင်လွယ်တည်ဆောက်သင့်ပေသည်။
       စံပြုစားအုန်းဆီကြမ်းစျေးနှုန်းများနှင့်စပ်လျဉ်း၍ ရေတိုကာလတွင် စျေးကွက်က မြင့်မားသော အင်ဒိုနီးရှားရည်ညွှန်းစျေးနှုန်းနှင့် ပို့ကုန်ခွန်တို့ကို ချေဖျက်နိုင်ခြေရှိသောကြောင့် စျေးနှုန်းအတက် ဘက်ဖြစ်ပေါ်နိုင်ခြေ အားလျော့လာစေနိုင်သည်။ အိန္ဒိယသွင်း ကုန်ဈေးကွက် ခိုင်မာတည်ငြိမ်စေရန်  ဝယ်သူများအနေဖြင့် ရွေးချယ်နိုင်စွမ်းရှိနေသော်လည်း အင်ဒိုနီးရှားနိုင်ငံမှ ပို့ကုန်ဆိုင်ရာ စာရွက် စာတမ်းများကို သတိထားဆောင်ရွက်ရမည်ဖြစ်သည်။ ဈေးကွက်အတွင်း စားအုန်းဆီသည် တင်းတင်း ကျပ်ကျပ်ရှိနေနိုင်ဖွယ်ရှိပြီး စားအုန်းဆီအစား အခြားစားသုံးဆီများကို ရေတိုကာလတွင် အစားထိုး ဝယ်ယူစားသုံးမှုပြုလာနိုင်ကြောင်း သိရှိရပါသည်။

Source: CMB News, 9 October 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)