ဖိလစ်ပိုင်သည် ယခုသီတင်းပတ်တွင် ကျင်းပမည့် ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဖိုရမ် အတွင်း စိုက်ပျိုးရေးဆိုင်ရာရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅၇.၄ သန်းကို ဆွဲဆောင်ရန် ရည်ရွယ်လျက် ရှိကြောင်း သိရှိရသည်။
ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO)က ဖိလစ်ပိုင်သည် အောက်တိုဘာ ၁၃ ရက်မှ ၁၆ ရက်နေ့အထိ ရောမမြို့ရှိဌာနချုပ်တွင် ကျင်းပမည့် FAO ချိတ်ဆက်ရင်းနှီးမြှုပ်နှံမှု ဖိုရမ် အတွင်း နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများထံ အဆိုပြုချက် များကို တင်ပြမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
စိုက်ပျိုးရေးဆိုင်ရာ ဦးစားပေး တန်ဖိုးကွင်းဆက်များတွင် ကော်ဖီ၊ ပင်လယ်ရေမှော်၊ သရက် သီး၊ ပိန္နဲသီးနှင့် ကိုကိုးတို့ပါဝင်ပြီး လယ်သမားများ၏ ဝင်ငွေများမြှင့်တင်ရေး၊ ကျေးလက်အဖွဲ့ အစည်းများတွင် စီးပွားရေးအခွင့်အလမ်းများ ဖန်တီးရေးနှင့် ရာသီဥတုဒဏ်ခံနိုင်ရည် အားကောင်း စေရေးတို့ကို ရည်ရွယ်သည့် အဆိုပြုချက်များ ပါဝင်ကြောင်း FAO က ၁၂-၁၀-၂၀၂၆ ရက်နေ့တွင် ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။
ထပ်မံ၍ အဆိုပြုချက်များသည် သရက်သီး၊ ပိန္နဲသီးနှင့် ကိုကိုးတို့အား ပြုပြင်ထုတ်လုပ်ခြင်း၊ စက်ပစ္စည်းကိရိယာများနှင့် အခြားတန်ဖိုးမြှင့်ထုတ်ကုန်များ ဖန်တီးခြင်းတို့အပေါ် အဓိကထားကြောင်း ၎င်းကထပ်လောင်းပြောကြားခဲ့သည်။ ကော်ဖီကဏ္ဍသည် အကြီးမားဆုံးရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၂၆.၄ သန်း လိုအပ်ချက်ကို ရှာဖွေနေပြီး ပင်လယ်ရေမှော်သည် ဒေါ်လာ ၂၄.၈ သန်းဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။
FAOက နိုင်ငံ၏ စိုက်ပျိုးရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအစုစုသည် ပျမ်းမျှခန့်မှန်းချက်အရ အကျိုးအမြတ်နှုန်း ၂၄.၆ ရာခိုင်နှုန်းရှိပြီး ခန့်မှန်းအသားတင်လက်ရှိတန်ဖိုး ဒေါ်လာ ၄၂.၂ သန်း ရှိ ကြောင်း ပြောကြားခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံ၏ စိုက်ပျိုးရေးဆိုင်ရာ စားနပ်ရိက္ခာရင်းနှီးမြှုပ်နှံမှု အစုစု သည် စိုက်ပျိုးရေးဦးစီးဌာန၊ FAO နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့အကြား ပူးပေါင်းဆောင်ရွက်မှု၏ ရလဒ် ဖြစ်သည်။
ရှေ့ဆက်လက်၍ ဌာနသည် အဆိုပါအောင်မြင်မှုများကို ဆက်လက်တည်ဆောက်ရန် ကတိ ကဝတ်ပြုထားဆဲဖြစ်ကြောင်း၊ FAOနှင့် စိုက်ပျိုးရေးဦးစီးဌာန၏ မိတ်ဖက်များနှင့်အတူ တောင်သူ လယ်သမားများနှင့် ငါးဖမ်းသမားများအတွက် ပိုမိုကြီးမားသော အခွင့်အလမ်းများ ဖန်တီးပေးပြီး ရာသီဥတုဒဏ်ခံနိုင်ရည်ကို အားကောင်းစေသည့် ဆန်းသစ်ပြီး အားလုံးပါဝင်နိုင်သော ဖြေရှင်းနည်း များကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင် စိုက်ပျိုးရေး ဝန်ကြီး Francisco Tiu Laurel Jr. က ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံမှ တင်ပြသော ရင်းနှီးမြှုပ်နှံမှုအစုစုသည် အစိုးရ၊ ပုဂ္ဂလိကကဏ္ဍနှင့် နိုင်ငံ တကာ အဖွဲ့အစည်းများအကြား မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုသည် ရင်းနှီးမြှုပ်နှံမှုများ၏ အန္တရာယ် ကို လျှော့ချရန်၊ စီးပွားရေးအကျိုးအမြတ်များ ဖန်တီးရန်၊ တစ်ချိန်တည်းမှာပင် တောင်သူလယ်သမား များ၏ အသက်မွေးဝမ်းကျောင်းမှုကို မြှင့်တင်ရန်နှင့် စိုက်ပျိုးရေးဆိုင်ရာ စားနပ်ရိက္ခာစနစ်များ၏ ရာသီဥတုဒဏ်ခံနိုင်ရည်ကို အားကောင်းစေရန် အထောက်အကူပြုနိုင်မည့်နည်းလမ်းများကို သရုပ်ဖော် ပြ သထားသည်ဟု ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ FAO ကိုယ်စားလှယ် Lionel Dabbadie က ပြောကြား ခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံသည် ယခုနှစ်တွင် ရောမမြို့၌ ကျင်းပသည့် ချိတ်ဆက်ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် ပါဝင်ဆင်နွှဲနေပြီး မတ်လက ပထမဆုံးကျင်းပခဲ့သော ချိတ်ဆက် အမျိုးသားရင်းနှီးမြှုပ်နှံမှု ဖိုရမ်တွင် စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများအတွက် ပီဆို ၁ ဘီလီယံခန့် တင်ပြခဲ့ဖူး ကြောင်း သိရှိရသည်။
အဆိုပါအချက်သည် ဖိလစ်ပိုင်စိုက်ပျိုးရေးအတွက် အများပိုင်နှင့် ပုဂ္ဂလိကဘဏ္ဍာငွေများ စုဆောင်းရန် ပိုမိုကျယ်ပြန့်သော ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး၊ သမားရိုးကျ အကူအညီ များကို ကျော်လွန်၍ ငွေရေးကြေးရေးအကျိုးအမြတ်များနှင့် တိုင်းတာနိုင်သော ဖွံ့ဖြိုးတိုးတက်မှု အကျိုးကျေးဇူးများ နှစ်မျိုးလုံးကို ပေးစွမ်းနိုင်သည့် ရင်းနှီးမြှုပ်နှံမှုများဆီသို့ ဦးတည်ကြောင်း FAO က ပြောကြားခဲ့သည်။
ထို့အပြင် အဆိုပါရင်းနှီးမြှုပ်နှံမှုများသည် ကျေးလက်နေပြည်သူများ၏ အသက်မွေးဝမ်း ကျောင်းမှုကို မြှင့်တင်ရန်၊ စျေးကွက်ဝင်ရောက်နိုင်မှုကို အားကောင်းစေရန်၊ စိုက်ပျိုးရေးနှင့် စားနပ် ရိက္ခာတန်ဖိုးကွင်းဆက်များ၏ ခံနိုင်ရည်ကို တိုးမြှင့်ရန်၊ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချ ရန် မျှော်လင့်ရကြောင်း သိရှိရသည်။
Source: Inquirer, 13 October 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
