Main menu

Online ဖြင့်မှတ်ပုံတင်ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေး

Powered by Drupal

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(၁၀)ရက်နေ့၊ နေ့လည်(၂း၃၀)ခွဲအချိန်တွင် မြိတ်မြို့၊ ကန်ဘောင်ရိုးရပ်ရှိ နေနီရှိန်းလွင် Online Shop သို့ သွားရောက်၍ အွန်လိုင်းမှတ်ပုံတင်ခြင်းကိစ္စနှင့်ပတ်သက်၍ အမှန် တကယ်တည်ရှိမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး ခဲ့ကြ ပါသည်။

   ကွင်းဆင်းစစ်ဆေးရာတွင် ထောက်ခံချက်အမှတ်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာ၊ ရောင်းချ နေသောပစ္စည်းများ မှန်ကန်မှုရှိမရှိနှင့် တရားမဝင်ပစ္စည်းများရောင်းချနေခြင်းရှိ/မရှိ ကွင်း ဆင်း စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံသောပစ္စည်းများသာရောင်းချရန်နှင့် ဘေးအန္တရာယ်ကင်းသောပစ္စည်းများ‌ရောင်းချရန် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)