
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(၁၀)ရက်နေ့၊ နေ့လည်(၂း၃၀)ခွဲအချိန်တွင် မြိတ်မြို့၊ ကန်ဘောင်ရိုးရပ်ရှိ နေနီရှိန်းလွင် Online Shop သို့ သွားရောက်၍ အွန်လိုင်းမှတ်ပုံတင်ခြင်းကိစ္စနှင့်ပတ်သက်၍ အမှန် တကယ်တည်ရှိမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး ခဲ့ကြ ပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ထောက်ခံချက်အမှတ်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာ၊ ရောင်းချ နေသောပစ္စည်းများ မှန်ကန်မှုရှိမရှိနှင့် တရားမဝင်ပစ္စည်းများရောင်းချနေခြင်းရှိ/မရှိ ကွင်း ဆင်း စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံသောပစ္စည်းများသာရောင်းချရန်နှင့် ဘေးအန္တရာယ်ကင်းသောပစ္စည်းများရောင်းချရန် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)
