Main menu

ပြည်ခရိုင်အတွင်း ဈေးကွက်မရောက်မီကုန်စည်များကို စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိ

Powered by Drupal

                စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြထားမှုအခြေအနေ တို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ၂၀၂၆ခုနှစ်၊ ဩဂုတ်လအတွင်း ပြည်မြို့နယ်တာဝန်ခံနှင့် ဝန်းထမ်းများသည်ရွှေကူရပ်ကွက်၊ပွဲစားတန်းလမ်းရှိ“ဦးစိန်ခို”တိုင်းရင်းဆေးလုပ်ငန်း၊ယုဇနလမ်း၊ခရမ်းကုန်းရပ်ကွက်ရှိ “အိုလံပစ်”မုန့်လုပ်ငန်း၊ မက္ခရာမင်းသားကြီး၊ မောင်ပျိုလမ်း၊ ခေတ္တရာ စက်မှုဇုန်(၁)လမ်းရှိ“OK-1”နှင့်အောင်ဆန်းပြည်သာယာရပ်ကွက်ရှိ“ပစ်တိုင်းထောင်” မုန့်လုပ်ငန်းသို့ လည်းကောင်း၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် အနောက်လက်ခုတ်တန်းလမ်းရှိ “ရွှေဧကရီ”စည်းလုံချည်လုပ်ငန်း၊ သရက်တောရပ်ကွက်၊ နှပ်တန်းလမ်းရှိ “နေဝင်းသူရိန်” ယိုစုံ လုပ်ငန်း၊ ကျောင်းကြီးအိုးတန်းလမ်း၊ ယွန်းတန်းရပ်ကွက်ရှိ “LaPyae”သောက်ရေသန့် လုပ်ငန်း နှင့် ယုဇနလမ်း၊ စံပြရပ်ကွက်ရှိ “ရွှေမဟာ” ယိုစုံလုပ်ငန်းသို့လည်းကောင်း၊ ပန်းတောင်းမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည်‌ ဒေါင်းမြတ်နားရွာရှိ “ထက်ကောင်းမွန်” ပဲကြော်လုပ်ငန်းနှင့် ဝန်လိုရပ် ကွက်ရှိ “သဘာဝအရသာ” ယိုစုံလုပ်ငန်းသို့လည်းကောင်း၊ ပေါက်ခေါင်းမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် အမှတ်(၄)ရပ်ကွက်ရှိ “ဒေါ်ဆိတ်မ” ဣစိ္ဆတံ မုန့်လုပ်ငန်း သို့လည်းကောင်း သွားရောက်၍ ဈေးကွက်မရောက်မီ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားပါ ဖော်ပြချက် များပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိစေရေး၊ သက်ဆိုင်ရာဌာန၏ ထောက်ခံ ချက်များရယူ၍ ဈေးကွက်ဖြန့်ဖြူးရောင်းချမှုရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါကြောင်းနှင့် စောင့်ကြည့် စစ်ဆေးခဲ့သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ် အသားဖေါ်ပြချက်များနှင့်ကိုက်ညီမှုရှိ ပါကြောင်းသတင်း ရရှိပါသည်။

DOCA(ပဲခူး)