Main menu

သထုံမြို့နယ်၊ အခွန်လွတ်ဈေး၌ “Lwin Maung Maung Co.Ltd” မှ စားအုန်းဆီလက်လီ ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

      ၂၈.၉.၂၀၂၅ ရက်နေ့ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် သထုံမြို့နယ်၊ အခွန်လွတ်ဈေး၌ Lwin Maung Maung  ကုမ္ပဏီမှ စားအုန်းဆီလက်လီ ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီရောင်းချရာ၌ ဗီနိုင်းချိတ်ဆွဲ၍ ရောင်းချခြင်း ရှိ/မရှိ၊ သတ်မှတ်နေ့ရက်/အချိန်/နေရာ အတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချမှု ရှိ/မရှိ၊ ခွဲတမ်းရရှိသည့်အတိုင်း ရောင်းချခြင်း ရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး စားအုန်းဆီ တစ်ပိဿာလျှင် (၇၂၃၆) ကျပ်နှုန်းဖြင့် ပိဿာ (၃၃၀) ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)