
၂၈.၉.၂၀၂၅ ရက်နေ့ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် သထုံမြို့နယ်၊ အခွန်လွတ်ဈေး၌ Lwin Maung Maung ကုမ္ပဏီမှ စားအုန်းဆီလက်လီ ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီရောင်းချရာ၌ ဗီနိုင်းချိတ်ဆွဲ၍ ရောင်းချခြင်း ရှိ/မရှိ၊ သတ်မှတ်နေ့ရက်/အချိန်/နေရာ အတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချမှု ရှိ/မရှိ၊ ခွဲတမ်းရရှိသည့်အတိုင်း ရောင်းချခြင်း ရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး စားအုန်းဆီ တစ်ပိဿာလျှင် (၇၂၃၆) ကျပ်နှုန်းဖြင့် ပိဿာ (၃၃၀) ရောင်းချခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)