
၂၆.၉.၂၀၂၅ ရက်နေ့တွင် သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်၌ Myat Ah Kan ကုမ္ပဏီမှ စားအုန်းဆီကိုယ်စားလှယ် ဒေါ်ညိုညိုချောမှ စားအုန်းဆီရောင်းချနေမှုအား စားသုံးသူရေးရာဦးစီးဌာန၊ သထုံမြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းမှ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီများအား ရောင်းချရာ၌ သတ်မှတ်ဈေးနှုန်း၊ အလေးချိန်၊ အရည်အသွေးပြည့်ဝမှန်ကန်စွာ ရောင်းချမှု ရှိ/မရှိ တို့အား ကွင်းဆင်းစစ်ဆေး ခဲ့ကြပြီး စားအုန်းဆီ တစ်ပိဿာလျှင် (၇၂၃၆) ကျပ်နှုန်းဖြင့် (၃၃၀) ပိဿာရောင်းချခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)