သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်၌ စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ၂၆.၉.၂၀၂၅ ရက်နေ့တွင် သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်၌ Myat Ah Kan ကုမ္ပဏီမှ စားအုန်းဆီကိုယ်စားလှယ် ဒေါ်ညိုညိုချောမှ စားအုန်းဆီရောင်းချ‌နေမှုအား စားသုံးသူရေးရာဦးစီးဌာန၊ သထုံမြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းမှ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီများအား ရောင်းချရာ၌ သတ်မှတ်ဈေးနှုန်း၊ အလေးချိန်၊ အရည်အသွေးပြည့်ဝမှန်ကန်စွာ ရောင်းချမှု ရှိ/မရှိ တို့အား ကွင်းဆင်းစစ်ဆေး ခဲ့ကြပြီး စားအုန်းဆီ တစ်ပိဿာလျှင် (၇၂၃၆) ကျပ်နှုန်းဖြင့် (၃၃၀) ပိဿာရောင်းချခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)