Main menu

ရန်ကုန်ဆီကန်မှ ထုတ်ယူလာသော စားအုန်းဆီများ မြိတ်မြို့သို့ရောက်ရှိ

Powered by Drupal

     မြိတ်ခရိုင်ဆီကိုယ်စားလှယ်သည် မြိတ်မြို့အတွက်လိုအပ်သောဆီများကို ရန်ကုန်မြို့ ဆီကန်များမှ ခွဲတမ်းများဖြင့်ဝယ်ယူလျက်ရှိပါသည်။ စက်တင်ဘာလ ဒုတိယအပတ်တွင် ခွဲတမ်းရရှိခဲ့သော Myanmar Oil Alliance ကုမ္ပဏီ၏  စားအုန်းဆီပေပါ(၆၆)ပေပါနှင့် Yadan arbon Global Network Distribution ကုမ္ပဏီ၏  စားအုန်းဆီပေပါ (၄၇)ပေပါ၊ စုစုပေါင်းပေပါ (၁၁၃)ကို ယာဉ်အမှတ် 5M-4415 ဖြင့်သယ် ဆောင်လာပြီး ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၁၅)ရက်နေ့တွင် မြိတ်မြို့သို့ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါစားအုန်းဆီများကို မြိတ်မြို့အရောင်းဆိုင်များသို့ခွဲဝေရောင်းချပေးသွားမည်ဖြစ် ကြောင်းနှင့် မြိတ်မြို့အရောင်းဆိုင်များမှ တစ်ဆင့်ပြည်သူများသို့ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)