
မြိတ်ခရိုင်ဆီကိုယ်စားလှယ်သည် မြိတ်မြို့အတွက်လိုအပ်သောဆီများကို ရန်ကုန်မြို့ ဆီကန်များမှ ခွဲတမ်းများဖြင့်ဝယ်ယူလျက်ရှိပါသည်။ စက်တင်ဘာလ ဒုတိယအပတ်တွင် ခွဲတမ်းရရှိခဲ့သော Myanmar Oil Alliance ကုမ္ပဏီ၏ စားအုန်းဆီပေပါ(၆၆)ပေပါနှင့် Yadan arbon Global Network Distribution ကုမ္ပဏီ၏ စားအုန်းဆီပေပါ (၄၇)ပေပါ၊ စုစုပေါင်းပေပါ (၁၁၃)ကို ယာဉ်အမှတ် 5M-4415 ဖြင့်သယ် ဆောင်လာပြီး ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၁၅)ရက်နေ့တွင် မြိတ်မြို့သို့ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါစားအုန်းဆီများကို မြိတ်မြို့အရောင်းဆိုင်များသို့ခွဲဝေရောင်းချပေးသွားမည်ဖြစ် ကြောင်းနှင့် မြိတ်မြို့အရောင်းဆိုင်များမှ တစ်ဆင့်ပြည်သူများသို့ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)