
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ် ရေးကော်မတီရုံးရှေ့၌ (၁၇.၉.၂၀၂၅)ရက်နေ့၊ နံနက်(၉:၀၀)နာရီအချိန်တွင် ဝန်ထမ်းများ သက်သာ ချောင်ချိရေးအတွက် ခရိုင်/မြို့နယ် ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ တန်ဖိုးသင့် တိုက်ရိုက်အရောင်းဆိုင်ဖွင့်လှစ်၍ ဆန် နှင့် စားသုံးဆီတို့ကို ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ရောင်းချပေးရာတွင် ဆန်တစ်ပြည်လျှင် ကျပ်(၃၃၀၀)၊ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ်(၇၆၀၀)ဖြင့် ဝန်ထမ်းတစ်ဦးလျှင် ဆန်(၂)ပြည် နှင့် ဆီ(၂)ပိဿာ နှုန်း လစဉ်ရောင်းချပေးလျက်ရှိကြောင်း၊ ပခုက္ကူခရိုင်တွင် ခရိုင်/မြို့နယ် ဝန်ထမ်းများအားလုံးကို ဆန် နှင့် စားသုံးဆီ သတ်မှတ် ဈေးနှုန်းဖြင့် ဗီနိုင်းချိတ်ဆွဲ၍ ရောင်းချပေးကြောင်း သိရှိရပါသည်။
DOCA(မကွေး)
