ပခုက္ကူခရိုင်တွင် အခြေခံစားသောက်ကုန်များအား တန်ဖိုးသင့်တိုက်ရိုက်အရောင်းဆိုင် ဖွင့်လှစ်ရောင်းချ

Powered by Drupal

    မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ် ရေးကော်မတီရုံးရှေ့၌ (၁၇.၉.၂၀၂၅)ရက်နေ့၊ နံနက်(:၀၀)နာရီအချိန်တွင်  ဝန်ထမ်းများ သက်သာ ချောင်ချိရေးအတွက် ခရိုင်/မြို့နယ် ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ တန်ဖိုးသင့် တိုက်ရိုက်အရောင်းဆိုင်ဖွင့်လှစ်၍ ဆန် နှင့် စားသုံးဆီတို့ကို ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

    ထိုသို့ ရောင်းချပေးရာတွင် ဆန်တစ်ပြည်လျှင် ကျပ်(၃၃၀၀) စားအုန်းဆီ တစ်ပိဿာလျှင် ကျပ်(၇၆၀၀)ဖြင့် ဝန်ထမ်းတစ်ဦးလျှင် ဆန်()ပြည် နှင့် ဆီ()ပိဿာ နှုန်း လစဉ်ရောင်းချပေးလျက်ရှိကြောင်း၊ ပခုက္ကူခရိုင်တွင် ခရိုင်/မြို့နယ် ဝန်ထမ်းများအားလုံးကို ဆန် နှင့် စားသုံးဆီ သတ်မှတ် ဈေးနှုန်းဖြင့် ဗီနိုင်းချိတ်ဆွဲ၍ ရောင်းချပေးကြောင်း သိရှိရပါသည်။

DOCA(မကွေး)