Main menu

ဈေးကွက်အတွင်း ရောင်းချနေသော စားသုံးဆီအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          (၁၅.၉.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၄)ဦးတို့သည် အမှတ်(၁၉၆)၊ အမှတ်(၃)လမ်းမကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ Teminal-M (Ocean Super Center)သို့ စားသုံးဆီအမျိုးမျိုးရောင်းချနေခြင်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

         ထိုသို့စစ်ဆေးခဲ့ရာတွင် တာဝန်ခံမှ ပူးပေါင်းပါဝင်လျက် စားသုံးဆီအမျိုးမျိုးဖြစ်သော ရွှေအုံ၊ အမေထွား၊ Meizan၊ ဧရာဝတီ၊ ရန်ကုန်၊ ငွေသဇင်မင်း၊ ရွှေ၊ လူကြီးကတော်တို့တွင် ကုန်စည်တွင် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများဖြစ်သော အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းများနှင့်ပိဿာ/ကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြထားပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များပါရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)