Main menu

ရွှေဘိုမြို့ပေါ်ရှိ ကုန်ပစ္စည်းအရောင်းဆိုင်များတွင် တရားမဝင်ကုန်စည်များ ရောင်းချခြင်း၊ သိုလှောင်ခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

          စားသောက်ကုန်၊ လူသုံးကုန်၊ စက်ပစ္စည်းအမျိုးမျိုး ရောင်းချသည့်ဈေးဆိုင်များတွင် တရားမဝင် ပစ္စည်းများရောင်းချခြင်း၊ သိုလှောင်ခြင်းများရှိ/ မရှိ စစ်ဆေးဆောင်ရွက်ရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ခရိုင်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ယာဉ်ထိန်းတပ်ဖွဲ့တို့ပါဝင်သော ရွှေဘိုခရိုင် Mobile Team အဖွဲ့ကိုဖွဲ့စည်းထားရှိရာ အဆိုပါအဖွဲ့ဖြင့် (24.9.၂၀၂၆)ရက်နေ့၊ နံနက် (10:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ရွှေယမင်းကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်၊ အောင်စေပိုင်စေဆေးနှင့် ဆေးပစ္စည်းရောင်းဝယ်ရေးဆိုင်၊ အမှတ်(၂)ရပ်ကွက်၊ ပြင်ဈေးရပ်ရှိ ခင်မောင်ဝင်း လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေးဆိုင်နှင့် ငွေလရောင်ဆိုင်ကယ်ရောင်းဝယ်ရေးဆိုင်တို့အား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ထိုသို့စစ်ဆေးရာတွင် တရားမဝင်ပစ္စည်းများရောင်းချခြင်း၊ သိုလှောင်ခြင်းများ ဆောင်ရွက်ခြင်းမပြုရန် အသိပညာပေးခြင်းနှင့် ရောင်းချသည့်ပစ္စည်းများတွင် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြရမည့်အချက်များအကြောင်း ရှင်းလင်းဆွေးနွေးခြင်း၊  လျှပ်စစ်အန္တရာယ်ကင်းရှင်းမှုရှိ/ မရှိ၊  SME Member Card ဆောင်ရွက်ထားခြင်းရှိ/ မရှိ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းလိုင်စင်များရှိ/ မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြပြီး သက်ဆိုင်ရာဌာန၏ လုပ်ငန်းလိုင်စင်များမရှိပါက ဆောင်ရွက်နိုင်ရန် ချိတ်ဆက်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)