Main menu

ရွှေဘိုမြို့  စည်ပင်သာယာဈေးကြီးအတွင်း ဆီအလွန်အကျွံ စားသုံးခြင်းကြောင့်ဖြစ်လာနိုင်သည့် ကျန်းမာရေးဆိုင်ရာဆိုးကျိုးများအကြောင်း အသိပညာပေးခြင်းဆောင်ရွက်

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိရာ (၂၆.၉.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်အဆင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် စည်ပင်သာယာရေးကော်မတီတို့ပူးပေါင်းပြီး ရွှေဘိုမြို့ စည်ပင်သာယာ ဈေးကြီးအတွင်းရှိ ဈေးသည်များ၊ ဈေးဝယ်ရန်လာရောက်ကြသည့် စားသုံးသူပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် အထက်ဌာနလမ်းညွှန်ချက်ဖြစ်သည့် ဆီစားသုံးမှုလျော့ချရေးနှင့် ဆီအလွန်အကျွံ စားသုံးခြင်းကြောင့် ဖြစ်လာနိုင်သည့်ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများအကြောင်းကို လက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ဆက်လက်ပြီး စည်ပင်သာယာဈေးကြီးတောင်ဘက်ရှိ ရွှေဘိုမြို့နှင့် အနီးတစ်ဝိုက်ရှိ ကျေူးရွာများမှ ဈေးဝယ်ရန်လာရောက်သည့် ကားများရပ်နားရန် ဂိတ်အနီးတွင်လည်း အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေသည့်အပြင် အသိပညာပေး ဗီနိုင်းကပ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)