Main menu

ဘိုကလေးမြို့နယ် ဆန်ကုန်သည် အသင်းရုံး၌ဆန်စက်လုပ်ငန်းရှင်များနှင့်ဆွေးနွေးဆောင်ရွက်

Powered by Drupal

            ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည်  ၂၀၂၅ ခုနှစ်၊ ဇူလှိုင်လ (၁၇) ရက်နေ့တွင် ဆန်ကုန်သည်အသင်းရုံး၌ ဆန်စက်လုပ်ငန်းရှင် (၂၂) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

          အဆိုပါဆွေးနွေးမှုတွင် ဆန်ဈေးနှုန်း၊ ဈေးကွက် အခြေအနေ တည်ငြိမ်မှုရှိ/မရှိ၊ ဒေသတွင်း ဆန်သိုလှောင်ရုံများတွင် ဆန်ဖူလုံမှုရှိမရှိနှင့် လည်ပတ်လျက်ရှိသော ဆန်စက်များတွင် ကြိတ်ခွဲထုတ်လုပ်နေမှုများ၊ စပါးခွံ အစားထိုးလောင်စာတောင့်များ ထုတ်လုပ်နိုင်မှုအခြေအနေနှင့် အခြားဒေသများသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့မှုအခြေအနေများအား ဆန်စက်လုပ်ငန်းရှင်များနှင့် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)