
ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် ၂၀၂၅ ခုနှစ်၊ ဇူလှိုင်လ (၁၇) ရက်နေ့တွင် ဆန်ကုန်သည်အသင်းရုံး၌ ဆန်စက်လုပ်ငန်းရှင် (၂၂) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးမှုတွင် ဆန်ဈေးနှုန်း၊ ဈေးကွက် အခြေအနေ တည်ငြိမ်မှုရှိ/မရှိ၊ ဒေသတွင်း ဆန်သိုလှောင်ရုံများတွင် ဆန်ဖူလုံမှုရှိ/ မရှိနှင့် လည်ပတ်လျက်ရှိသော ဆန်စက်များတွင် ကြိတ်ခွဲထုတ်လုပ်နေမှုများ၊ စပါးခွံ အစားထိုးလောင်စာတောင့်များ ထုတ်လုပ်နိုင်မှုအခြေအနေနှင့် အခြားဒေသများသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့မှုအခြေအနေများအား ဆန်စက်လုပ်ငန်းရှင်များနှင့် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)