
ကျွန်းလှမြို့တွင် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် နေကြာစေ့များကို ရွှေဘိုမြို့နှင့်မန္တလေးမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေသော နေကြာစေ့ ဈေးနှုန်းအနေဖြင့် နေကြာစေ့ လက်က္ကား တစ်ပြည်လျှင်(၇၇၀၀)ကျပ်၊ နေကြာစေ့ လက်လီ တစ်ပြည်လျှင်(၈၀၀၀)ကျပ် နှင့် နေကြာစေ့ နို့ဆီဘူး(၁)ဘူးလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း နေကြာစေ့ကို စားသုံးခြင်းဖြင့် သွေတိုးကျစေခြင်း၊ စိတ်ဖိစီးမှုကိုလျော့ကျစေခြင်း၊ နေကြာစေ့မှာ အိပ်ပျော်စေတဲ့ သတ္ထုဓါတ်တွေလည်း ပါဝင်သောကြောင့် ညဘက်အိပ်မပျော်တာတွေဖြစ်ရင် နေကြာစေ့ကိုစားပေးခြင်းဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေသည့် ကျန်းမာရေးအထောက်အကူရရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)