Main menu

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ညောင်ရွက် ဈေးနှုန်း

Powered by Drupal

ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် မိမိတို့ဒေသထွက်ကုန်များ အပြင် အခြားဒေသမှ ဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချလျက်ရှိရာ ရာသီစာဖြစ်သည့် ညောင်ရွက်များကိုလည်း ရောင်းချလျက်ရှိကြောင်းသိရသည်။

 ၂၀၂၅ ခုနှစ်၊ ဇွန်လ ပထမပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင်ရောင်းချနေသည့်  ညောင်ရွက်ဈေးနှုန်းမှာ ‌‌ညောင်ရွက်အစိမ်း(၁)ပုံလျှင်(၇၀၀)ကျပ်၊ ညောင်ရွက်ပြုတ်(၁၀)ကျပ် သားခန့် (၁)လုံးလျှင်(၇၀၀)ကျပ်၊ (၃)လုံးလျှင်(၂၀၀၀)ကျပ်နှင့် ညောင်ရွက်ပြုတ်(၁)ပိဿာလျှင် (၇၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်ရောင်းချလျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

Doca(စစ်ကိုင်း)