
ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် မိမိတို့ဒေသထွက်ကုန်များ အပြင် အခြားဒေသမှ ဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချလျက်ရှိရာ ရာသီစာဖြစ်သည့် ညောင်ရွက်များကိုလည်း ရောင်းချလျက်ရှိကြောင်းသိရသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ပထမပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင်ရောင်းချနေသည့် ညောင်ရွက်ဈေးနှုန်းမှာ ညောင်ရွက်အစိမ်း(၁)ပုံလျှင်(၇၀၀)ကျပ်၊ ညောင်ရွက်ပြုတ်(၁၀)ကျပ် သားခန့် (၁)လုံးလျှင်(၇၀၀)ကျပ်၊ (၃)လုံးလျှင်(၂၀၀၀)ကျပ်နှင့် ညောင်ရွက်ပြုတ်(၁)ပိဿာလျှင် (၇၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်ရောင်းချလျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
Doca(စစ်ကိုင်း)