Main menu

ပြည်မြို့၏ခါတော်မှီဖယောင်းတိုင်ဈေးကွက်

Powered by Drupal

            ဝါလကင်းလွတ် သီတင်းကျွတ်တော့မည်ဖြစ်သည့်အတွက် မြန်မာတို့ရဲ့ဓလေ့ထုံးစံအရ ဆီမီးဖြင့် ဘုရားကိုကပ်လှူပူဇော်သည့် ဓလေ့ရှိပါသည်။ ဆီမီးများ ကန်တော့ရာတွင် ဖယောင်းတိုင်မီး၊ ဆီမီးခွက် များတွင် ဆီနှင့်မီးစာများထည့်ပြီး ပူဇော်ခြင်း၊ ရောင်စုံမီးပုံများထွန်းညှိခြင်း၊ မီးပုံးများလွှတ်တင်ခြင်း စသည့်နည်းအမျိုးမျိုးဖြင့် မီးထွန်းပွဲတော်များ ပြုလုပ်ကြပါသည်။ ဈေးကွက်အတွင်း အိမ်တွင်း စီးပွားရေး အဖြစ် မိသားစုဝင်ငွေ တိုးရန်အတွက် ဖယောင်းတိုင်များကို စီးပွားဖြစ်လုပ်ကိုင်ရောင်းချကြောင်း သိရပါ သည်။ ဖယောင်းတိုင်မှည အရင်းအနှှီးအနည်းငယ်ဖြင့် စီးပွားရေးပြုလုပ်နိုင်ပါကြောင်း သိရှိရပါသည်။ ဖယောင်းတိုင်လုပ်ငန်းနည်းမှာ (၄) မျိုးရှိကြောင်း သိရှိရပြီး နည်းလမ်းများမှာ ၁။ ရေမွှေးဖယောင်းတိုင်၊ ၂။ Water Candle ၊ ၃။ Jelly Candle နှင့် ၄။ ရိုးရိုးဖယောင်းတိုင်ဖြစ်ပါသည်။ ၁။ ရေမွှေးဖယောင်းတိုင် ပြုလုပ်ရာတွင် လိုအပ်သောပစ္စည်းများမှာ ဖယောင်းခဲ၊ ကာလာဖယောင်းခဲတံတစ်ချောင်း၊ ပုံသွင်းရန် ဆီလီကွန်ချပ်ပြား mold၊ မီးဇာကြိုးနှင့် mold မရှိပါက တစ်ခါသုံး ရေခွက်လေးများကို အသုံးပြုလျှင် လည်းရပါသည်။ ဖယောင်းတိုင်ပြုလုပ်ပုံနည်းမှာ ဖယောင်းခဲကို ကျိုရပါသည်။ ဖယောင်းများ အနည်းငယ်ပျော်လာရင် မီဇာကြိုးများကို ထည့်ရပါသည်။ ထို့နောက် ကာလဖယောင်းခဲထည့်ရပါသည်။ ရေမွှေးဖယောင်းတိုင် ပြုလုပ်မည်ဆိုပါက အမွှေးရည်ထည့်ရပါသည်။ ဖယောင်းများ အရည်ကျိုပြီး မီးဖို ပေါ်ကနေချပြီး mold ထဲဖြေးဖြေးထည့်ပြီး mold ထဲက ထွက်လာသည့် ဖယောင်းတိုင်ကို ညှပ်ထားသော မီးစာကြိုးအလှလက်မှ ထိုးထည့်ပြီး မီးစာကြိုးလက်ထိပ်သို့ထိပါက ကြိုးထည့်တာရပ်ထားရပါသည်။ ဖယောင်းခဲ တစ်ပိဿာလျှင် ဖယောင်းတိုင် (၁၀၀) တိုင် ရရှိပါသည်။ ဖယောင်းတိုင်များကို အဖြူရောင်၊ ရောင်စုံတိုင်၊ ရေမွှေးစသည်ဖြင့် အမျိုးမျိုးပြုလုပ်ပြီး ဈေးကွက်အတွင်း ရောင်းချရာတွင် ရောင်စုံ ၄ လက်မဆိုဒ် ၁ပိဿာ ၃၅၀ ကျပ်ဈေးနှုန်းဖြင့်လည်းကောင်း၊ ၂၄ တိုင်ပါ ရောင်စုံတစ်ထုတ်လျှင် ၈၆၀ ကျပ် နှုန်းဖြင့်လည်းကောင်း ဈေးကွက်အတွင်း ရောင်းချနေကြောင်း သိရှိရပါသည်။ ဈေးကွက်အတွင်း လက်လီ၊ လက်ကားများအား အိမ်အရောက်စနစ်ဖြင့်လည်း ပို့ဆောင်နေကြောင်း သိရှိရပါသည်။ ပစ္စည်း များတင်ပို့ရာတွင် ချပ်ဖာများဖြင့် ထည့်သွင်းပြီး ပေးပို့သည့်အခါ ၁ဖာတွင် အထုတ် ၅၀၀ ပါထည့်ပြီး ရောင်းချကြောင်း သိရှိရပါသည်။ ဖယောင်းတိုင်လုပ်ငန်းသည် အရင်းအနှီးအနည်းငယ်ဖြင့် ပြုလုပ်ရသည့် အိမ်တွင်းမှုစီးပွားရေးတစ်ခုဖြစ်ပြီး ဝင်ငွေရသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)