Main menu

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

Powered by Drupal

          ၂၀၂၅ ခုနှစ်၊ မေလ ၁၈ ရက်နေ့၊ နံနက် ၁၀း၀၀ နာရီ အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်၊ ရေးလမ်းရှိ ဟိုင်း‌ဝေးကားဂိတ်ယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Myanmar Oil Alliance Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၇၀)ပေပါနှင့် Yadanarbon Global Network Distribution Co,Ltd မှ တင်ပို့ရောင်းချ သည့် စားအုန်းဆီ (၂၄) ပေပါ၊ စုစုပေါင်း (၉၄) ပေပါကို ယာဥ်မောင်း ဦးစိုင်းသက် ကျော်၊ ယာဉ်အမှတ် 1M-3466/ ISUZYU မော်‌တော်ယာဉ်နှင့် အလားတူ မွန်းတည့် (၁၂း၃၀)အချိန်တွင် အိမ်ရှေ့ပြင်ရပ်၊ ရေးလမ်းရှိ ဟိုင်း‌ဝေးကားဂိတ်ယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Kaung Hlyan New AsiaCo,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၇၈)ပေပါနှင့် Myanmar Oil Alliance Co,Ltd မှ တင်ပို့ရောင်းချ သည့် စားအုန်းဆီ (၁၄) ပေပါ၊ စုစုပေါင်း (၉၂) ပေပါကို ယာဥ်မောင်း ဦးရဲနိုင်ဦး၊ ယာဉ်အမှတ် 2I-7044/ Nissan မော်‌တော်ယာဉ်ဖြင့် တင်ဆောင်၍ အသီးသီးရောက်ရှိလာရာ စားသုံး သူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးဦးနှင့်တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ ကြောင်း၊ အဆိုပါ စားအုန်းဆီစုစုပေါင်း (၁၈၆) ပေပါအား ကုမ္ပဏီ၏ လက်ကားအ​ရောင်း ကိုယ်စား လှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အိုးလုပ်ရပ်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင် ကုန်စုံဆိုင် အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)