
၂၀၂၅ ခုနှစ်၊ မေလ ၁၈ ရက်နေ့၊ နံနက် ၁၀း၀၀ နာရီ အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်၊ ရေးလမ်းရှိ ဟိုင်းဝေးကားဂိတ်ယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Myanmar Oil Alliance Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၇၀)ပေပါနှင့် Yadanarbon Global Network Distribution Co,Ltd မှ တင်ပို့ရောင်းချ သည့် စားအုန်းဆီ (၂၄) ပေပါ၊ စုစုပေါင်း (၉၄) ပေပါကို ယာဥ်မောင်း ဦးစိုင်းသက် ကျော်၊ ယာဉ်အမှတ် 1M-3466/ ISUZYU မော်တော်ယာဉ်နှင့် အလားတူ မွန်းတည့် (၁၂း၃၀)အချိန်တွင် အိမ်ရှေ့ပြင်ရပ်၊ ရေးလမ်းရှိ ဟိုင်းဝေးကားဂိတ်ယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Kaung Hlyan New AsiaCo,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၇၈)ပေပါနှင့် Myanmar Oil Alliance Co,Ltd မှ တင်ပို့ရောင်းချ သည့် စားအုန်းဆီ (၁၄) ပေပါ၊ စုစုပေါင်း (၉၂) ပေပါကို ယာဥ်မောင်း ဦးရဲနိုင်ဦး၊ ယာဉ်အမှတ် 2I-7044/ Nissan မော်တော်ယာဉ်ဖြင့် တင်ဆောင်၍ အသီးသီးရောက်ရှိလာရာ စားသုံး သူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးဦးနှင့်တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ ကြောင်း၊ အဆိုပါ စားအုန်းဆီစုစုပေါင်း (၁၈၆) ပေပါအား ကုမ္ပဏီ၏ လက်ကားအရောင်း ကိုယ်စား လှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အိုးလုပ်ရပ်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင် ကုန်စုံဆိုင် အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)