Main menu

ကန့်ဘလူခရိုင်ရှိ ဘိလပ်မြေရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်ရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိပြီး စားသုံးသူများ အလွယ်တကူဝယ်ယူသုံးစွဲနိုင်စေရန်နှင့် ဈေးနှုန်း၊ ဈေးကွက်တည်ငြိမ်မှန်ကန်စေရန်ရည်ရွယ်၍ ဆောက်လုပ်ရေးသုံးပစ္စည်းရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

     ၂၀၂၄ခုနှစ်၊ မေလ ၆ရက်နေ့တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ဘိလပ်မြေရောင်းချသည့်ဆိုင်များသို့ကွင်းဆင်း၍ လုပ်ငန်းရှင်များအနေဖြင့် ဘိလပ်မြေဝယ်ယူရရှိမှု၊ ဖြန့်ဖြူးရောင်းချမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေတို့ကို ဆွေးနွေးမေးမြန်းခဲ့ရာ ဈေးကွက်အနေဖြင့် ကန့်ဘလူမြို့ပေါ်နှင့် ကျွန်းလှမြို့တို့တွင် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် “CROWN” အမှတ်တံဆိပ် ဘိလပ်မြေ‌တစ်အိတ်လျှင် ၁၇၀၀၀ကျပ်နှင့် “ကြံ့နှစ်ကောင်” အမှတ်တံဆိပ် ဘိလပ်မြေဈေးနှုန်းမှာ တစ်အိတ်လျှင် ကျပ်၁၄၀၀၀မှ ကျပ်၁၄၈၀၀တို့ဖြင့် ဈေးနှုန်းအတက်အကျပေါ်မူတည်၍ ရောင်းချပေးလျက်ရှိကြောင်း လုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)