
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံး၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးလှထွဋ်ဦးနှင့်ဝန်ထမ််းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ တိုင်းရင်းဆေး၊ ပြည်သူ့ကျန်းမာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ (၁၄-၈-၂၀၂၆)ရက်နေ့ နံနက်(၁၁;၀၀)နာရီက လပွတ္တာမြို့ပေါ်ရှိဆေးဆိုင်များတွင် အိမ်သုံးဆေးဝါးများ ဈေးနှုန်းမြင့်တင် ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံမှ အိမ်သုံးဆေးအရောင်းဆိုင် ဆိုင်ရှင်များအား စားသုံးသူ ပြည်သူများသက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ဆေးဈေးနှုန်းများမြှင့်တင်ရောင်းချခြင်းမပြုရန် ဆေးဆိုင်များ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး ဆေးပြတ်လပ်မှုမဖြစ်ပေါ်စေရေးအဓိကထားဆောင်ရွက်ရန် ဈေးကွက် အတွင်း ယခင်လဈေးနှုန်းထက် အနည်းငယ်သာ မြင့်တက်မှုရှိပြီး စားသုံးသူပြည်သူများအနေဖြင့် အခြေခံဆေးနှင့် ဆေးပစ္စည်းများဝယ်ယူရာတွင် အခက်အခဲမရှိဝယ်ယူရရှိနိုင်ပြီး သက်တမ်းလွန်ဆေးဝါးများနှင့် လိုင်စင်မဲ့ဆေးဝါးများ ရောင်းချခြင်းမပြုရန်၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင် ထားရှိခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေများအရ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း သက်ဆိုင်ရာဌာနများ၏ အမိန့်ညွှန်ကြားချက်၊ ဥပဒေများလိုက်နာဆောင်ရွက်ကြရန် အသိပေးစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။
DOCA(ဧရာဝတီ)
