
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးစံကြည် နှင့်မြို့နယ်တာဝန်ခံ ဒေါ်ရည်မွန်သန့်တို့သည်(၁၃-၈-၂၀၂၆)ရက်နေ့မွန်းလွှဲ(၁၆;၀၀)နာရီက စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဦးစီးမှူး ရုံးတွင် စားသုံးဆီလက်လီ၊လက္ကားအရောင်းဆိုင်ပိုင်ရှင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး တွေ့ဆုံ ရှင်းလင်းဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ တက်ရောက်လာသော စားသုံးဆီလက်လီ၊ လက္ကားရောင်းချနေသူလုပ်ငန်းရှင်များအား ခရိုင်/မြို့နယ်အတွင်း လက်ရှိဖြစ်ပေါ်နေသော စားသုံးဆီဈေးနှုန်းမြင့်မား ခြင်းနှင့်ပတ်သက်၍ စားသုံးဆီရောင်းချသော လုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်း မပြုလုပ်ကြရန်၊ စားသုံးသူ ပြည်သူများအား ထင်ယောင်ထင်မှားဖြစ်စေပြီး ရောနှောရောင်းချခြင်းမျိုးမပြုလုပ်ကြရန်၊ သတ်မှတ်ရည်ညွှန်းဈေးထက်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများစစ်ဆေးတွေ့ရှိပါကအရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်ပြီး မြို့နယ်တာဝန်ခံမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ပါပြဌာန်းချက်များမှအခန်း(၁၈)ပါကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ရောင်းချကြရန် ကုန်အမှတ်တံဆိပ်အလိုက် ဆီအမျိုးအစား ကွဲပြားခြားနားမှုကို စားသုံးသူပြည်သူများအားရှင်းလင်းပြောကြား၍ရောင်းချပေးရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက်များ မှတားမြစ်ချက်များ၊ပြစ်မှုပြစ်ဒဏ်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသော စားသုံးဆီလုပ်ငန်းရှင်များမှ သိရှိလိုသည့်မေးမြန်းချက်များအား မြို့နယ်ဦးစီးမှူးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲသို့ စားသုံးဆီလုပ်ငန်းရှင်(၂၆)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(ဧရာဝတီ)
