Main menu

ဘီးလင်းမြို့နယ်၊ စားအုန်းဆီ လက်ကားကိုယ်စားလှယ်နှင့်တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

     မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံး၌ (၂၂-၄-၂၀၂၄) ရက်နေ့တွင် ဘီးလင်းမြို့နယ်၊ စားအုန်းဆီလက်ကား ကိုယ်စားလှယ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက ဘီးလင်းမြို့နယ်၏ စားအုန်းဆီခွဲတမ်းတာဝန်ယူဖြန့်ဖြူးရောင်းချနေသည့် လက်ကားကုန်သည်အား သတ်မှတ်အရေအတွက်ပြည့်မီစွာရောင်းချပေးရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချပါက အရေးယူခံရမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များကို အသိပေးရှင်းလင်းခဲ့ကြောင်းနှင့် ဘီးလင်းမြို့နယ်အတွက် ခွဲတမ်းရရှိသော စားအုန်းဆီများကို စားသုံးသူများထံသို့ သတ်မှတ်အရေအတွက်နှင့် ဈေးနှုန်းအတိုင်း ဖြန့်ဖြူးရောင်းချနေ၍ စားသုံးသူများမှာ သက်သာသောဈေးနှုန်းဖြင့် အဆင်ပြေစွာဝယ်ယူရရှိနေကြကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)