
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော်တို့သည် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမတို့ဖြင့်ပူးပေါင်း၍ ကန့်ဘလူမြို့ အမှတ်(၅)(အ.လ.က)ကျောင်းမုန့်ဈေးတန်းရှိ မုန့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနက ဦးဆောင်၍ ကျောင်းအုပ်ဆရာ မကြီးနှင့် ဆရာ/မများပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချလျက်ရှိသည့် မုန့်မျိုးစုံတွင် ကုန် အညွှန်အမှတ်အသားများကို(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ ကြောင်း၊ မြို့နယ်တာဝန်ခံက လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချသည့် ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များ၊ သက်ဆိုင် ရာဌာနများ၏ ထောက်ခံချက်ပါရှိသည့်ကုန်စည်များ၊ ပါဝင်ပစ္စည်းနှင့် သက်တမ်းကုန်ဆုံးရက်များ ဖော်ပြထားသည့် မုန့်များကိုသာရောင်းချရန် အသိပညာပေးပြောကြားခဲ့ပြီး စီးပွားရေးလုပ်ငန်း ရှင်၏တာဝန်များပါ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေး ခဲ့ကြောင်း သိရှိရသည်။
DOCA(စစ်ကိုင်း)
