Main menu

စားသုံးသူများတိုင်ကြားလာမှုအပေါ် ဖြေရှင်းဆောင်ရွက်ပေးမှုများ

Powered by Drupal

သက်ဆိုင်ရာ၏ထောက်ခံချက်မရှိဘဲ ရောင်းချနေကြောင်း တိုင်ကြားလာမှုနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်မှု
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် xxxအမှတ်တံဆိပ် ရှောက်သီးဆေးပြားသည် သက်ဆိုင်ရာ ထောက်ခံချက်မရှိဘဲ ရောင်းချနေကြောင်း တိုင်ကြားလာမှုနှင့်ပတ်သက်၍ ၁၄-၁၂-၂၀၂၀ ရက်နေ့တွင် xxxအမှတ်တံဆိပ် ရှောက်သီးဆေးပြားလုပ်ငန်းရှင်အား ခေါ်ယူ၍ ညှိနှိုင်းဖြေရှင်းရာ ထောက်ခံချက်မရှိဘဲ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသော xxxအမှတ်တံဆိပ် ရှောက်သီးဆေးပြားအား မိမိတို့သဘောဆန္ဒအလျောက် ပြန်လည်သိမ်းဆည်းသွားမည်ဖြစ်ပြီး သိမ်းဆည်းဆောင်ရွက်ခြင်းကို ၁၄-၁၂-၂၀၂၀ ရက်နေ့မှ ၃၁-၁၂-၂၀၂၀ ရက်နေ့အထိ ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညှိနှိုင်းဖြေရှင်းခဲ့ပြီးဖြစ်ပါသည်။