ပြည်တွင်းကုန်သွယ်မှုသတင်းများ
ကြက်ဟင်းခါးသီးကို ထားဝယ်မြို့ အနီးတစ်ဝိုက်ရှိကျေးရွာများရှိ ဒေသခံတောင်သူများက စီးပွားဖြစ်စိုက်ပျိုးကြသလို အပိုဝင်ငွေရရှိရန်အတွက်လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး ထားဝယ်မြို့ပေါ်ဈေးသို့ လာရောက်ရောင်းချကြကြောင်း သိရသည်။

လူတန်းစာမရွေး လူအများကြိုက်နှစ်သက်သည့်ပဲပြားသည် ပရိုတင်ဓာတ်ကြွယ်ဝပြီး ကျန်းမာရေးနှင့် ညီညွှတ်သည့် အစားအစာတစ်မျိုးဖြစ်သည်။ ပဲပြားကိုကြော် ကာအစာသိပ် လုပ်စားခြင်း၊ ပဲပြားတုတ်ထိုးလုပ်စားခြင်း၊ ပဲပင်ပေါက်နှင့် ကြော်စားခြင်း၊ ပဲပြားသုပ်လုပ်စားခြင်း၊ ခရမ်းချဉ်သီးနှင့် အခြားမိမိကြိုက်နှစ်သက်ရာတို့ဖြင့် အမျိုးမျိုးပြုလုပ်စာ

ထားဝယ်မြို့၊ စည်ပင်သာယာဈေးကြီးတွင် ပြောင်းဖူးများ ဈေးကောင်းလျက်ရှိပါသည်။ ပြောင်းဖူးကို ပြုတ်၍စားကြသလို ကြော်၍ဟင်းလျာအဖြစ်လည်း စားသုံးကြပါသည်။ စားသောက်ဆိုင်များတွင် ရောင်းချသော မာလာရှမ်းကော၊ ဟော့ပေါ့များထဲတွင်လည်း ပါဝင်ပစ္စည်း အဖြစ်အသုံး ပြုကြပါသည်။ ပြောင်းဖူးကိုဖုတ်စားပါက အနံ့မွှေးပြီးစားကောင်းပါသည်။

ဩဇာသီးပင်များသည် နှစ်ရှည်သီးနှံဖြစ်သဖြင့် အိမ်တိုင်းလိုလိုခြံထွက် အိမ်ခြံစည်းရိုးများတွင် လည်းစိုက်ပျိုးကျပါသည်။ ယခုလအချိန် ဩဇာသီးပေါ်ချိန်ဖြစ်သည့်အတွက် ပြန်ရောင်းသမားများက အပင်ပြတ်ဝယ်ယူကြသကဲ့သို့ ခြံများတွင်လိုက်လံကြည့်ရှုကာ အသီးများလိုက်ကောက်၍ ဝယ်ယူကြကြောင်းသိရပါသည်။

ကြက်ပေါင်သီးများမှာ ဥယျဉ်ခြံမြေများနှင့်တောတောင်များတွင်ပေါက်ရောက်ပြီး အသီးများရင့်လာသောအခါ ဒေသခံပြည်သူများမှခူးဆွတ်၍ ထားဝယ်မြို့၊ စည်ပင်သာယာဈေးနှင့် ရပ်ကွက်ဈေးငယ်များတွင် လာရောက်ရောင်းချကာ မိသားစုအပိုဝင်ရရှိနေကြောင်းသိရသည်။ ကြက်ပေါင်သီးများကို အသားငါးများနှင့် ရောနှောချက်စား၍သော်လည်းကောင်း၊ ပုဇွန်ငါးပိနှင့် ကြော်စာ
