Main menu

ကန့်ဘလူမြို့တွင် အရောင်းအဝယ်ဖြစ်သည့် ကျောက်စိမ်းဖရဲသီးနှင့် နဂါးမောက်သီး

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့မဈေးရှိ သစ်သီးဈေးကွက်တွင် ပန်းသီး၊ နာနတ်သီး၊ ပန်းသစ်တော်သီး၊ သခွားမွှေးသီး၊ နဂါးမောက်သီးနှင့် ဖရဲသီးများရောင်းချလျက်ရှိပြီး ဖရဲသီးကို မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့တို့ရှိ သစ်သီးပွဲရုံများမှ ဝယ်ယူရပြီး နဂါးမောက်သီးမှာ ဒေသတွင်းမှ ဝယ်ယူရကြောင်း သစ်သီးရောင်းချသူများထံမှ သိရသည်။

    ကန့်ဘလူမြို့ သစ်သီးဈေးကွက်တွင် ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း ဖရဲသီး အကြီး(၁)လုံးလျှင် (၅၀၀၀)ကျပ်၊ အသေး(၁)လုံးလျှင် (၃၀၀၀)ကျပ်နှင့် ဖရဲသီးတစ်စိတ်လျှင် (၁၀၀၀)ကျပ်၊ နဂါးမောက်သီးအသေး(၁)လုံးလျှင် (၁၀၀၀)ကျပ်၊ အကြီး(၁)လုံးလျှင် (၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိရာ ယခုနိုဝင်ဘာလ ပထမပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဒုတိယပတ်အတွင်း ကျောက်စိမ်းဖရဲသီး(၁)လုံးလျှင် (၁၀၀၀)ကျပ် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း သစ်သီးရောင်းချသူ ဒေါ်တုတ်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)