ပြည်တွင်းကုန်သွယ်မှုသတင်းများ
ယခုလအချိန်အခါသည် ကြံခုတ်ရာသီရောက်ရှိလာပြီဖြစ်၍ မူဆယ်မြို့နယ်အတွင်း ကြံစိုက်တောင်သူများ ကြံခုတ်လုပ်ငန်းစတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းသိရသည်။ ယခုနှစ် ကြံတစ်တန် လျှင် ယွမ်(၃၀၀) ပေါက်ဈေးရှိပြီး ယခင်နှစ်က ကြံတစ်တန်လျှင် ယွမ်(၂၇၀) ကျော်သာရှိကြောင်း သိရသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း) အောင်ပန်းဒေသတွင် ယခုတစ်ပတ်ပြောင်းသီးနှံမှာ တစ်ပိဿာ လျှင်(၁၄၇၀-၁၄၉၀)ကျပ် အမြင့်ဈေးဖြင့်ငြိမ်နေပြီး ပြည်ပအဆွဲသွက်နေသောကြောင့် စီးဆင်းမှုမှာ အားကောင်းနေပါသည်။ကြက်သွန်ဖြူသီးနှံမှာ ဈေးကွက်အတွင်းအသစ်များ ဝင်ရောက်မှုရှိလာပြီး ရှမ်းကြက်သွန်ဖြူ(အသစ်)ထူး-၅နှင့်ထူးလွန်အရောမှာ တစ်ပိဿာလျှင် (၇၀၀၀-၈၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့နယ်တွင် ဒေသထွက် ခရမ်းချဉ်သီးများ ဈေးနှုန်းကျဆင်းနေကြောင်း သိရှိရသည်။ အောင်ပန်းမြို့ ခရမ်းချဉ်သီးဈေးကွက်မှာ (၂၀၂၄) ခုနှစ် နှစ်ကုန်ပိုင်းတွင် ဈေးကောင်းသော်လည်း ယခုနှစ် (၂၀၂၅) ခုနှစ် အစပိုင်းတွင် ဈေးနှုန်းအနည်းငယ်ကျဆင်းနေကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ဇေယျာသီဈေး၌ ခရမ်းချဉ်သီး(ထိုင်ဝမ်)မျိုးကို ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော မယ်ဇလီတော၊ ဥယျာဉ်၊ ပန်းတော်ပြင်စသည့်ကျေးရွာများအပြင် တောင်တွင်းကြီးမြို့၊ မကွေးမြို့၊ မင်းဘူးမြို့နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့၊ အောင်ပန်းမြို့တို့မှ မှာယူ ရောင်းချကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် ကြက်သွန်နီကို မင်းလှမြို့ နယ်အတွင်းရှိ ကျေးရွာများအပြင် မကွေးမြို့၊ မင်းဘူးမြို့၊ တောင်တွင်းကြီးမြို့နှင့် သရက်မြို့တို့မှ မှာယူရောင်းချကြကြောင်း သိရသည်။
