Main menu

မြင်းခြံမြို့၏နေကြာစေ့လှော်ဈေးနှုန်း

Powered by Drupal

       မြင်းခြံမြို့နယ်အတွင်း ရောင်းချနေသော နေကြာစေ့လှော်များကို မုံရွာမြို့နှင့် မန္တလေးမြို့ တို့မှမှာယူရောင်းချကြောင်း၊ နေကြာစေ့လှော်သည် ဗီတာမင်အီးပြည့်ဝပြီး အသားအရည်လှပသဖြင့် မြန်မာအမျိုးသမီးထုအနေဖြင့် အများဆုံးစားသုံးကြသလို လူမျိုးဘာသာမရွေး အပျင်းပြေ သရေစာအဖြစ် စားသုံးကြကြောင်း၊ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးပတ်တွင် နေကြာစေ့လှော် လက်လီဈေးအနေဖြင့် နို့ဆီဗူး (၄)ဗူးလျှင် (၅၅၀၀) ကျပ် လက်လီဈေးတစ်ပြည်လျှင် (၁၁၀၀၀)ကျပ်၊ လက်ကားဈေးတစ်ပြည်လျှင် (၉၅၀၀)ကျပ် ဖြင့်ရောင်းချလျက်ရှိကြောင်း၊ စားသုံးမှုများသောကြောင့် ‌ဒေသတွင်းနေ့စဉ်ကုန်ချိန် (၅-၁၀) ပြည်ခန့် ရောင်းချရကြောင်း၊  အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း နေကြာစေ့ လှော်ရောင်းချသူ၏ ပြောပြချက်အရသိရှိရသည်။ နေကြာစေ့တွင် ပါဝင်သောဗီတာမင်အီးသည် အရေပြားရောင်ရမ်း ခြင်းကို သက်သာစေပြီး အသားအရေကို နူးညံ့ပျော့ပျောင်း စေကြောင်း သိရှိရသည်။

  DOCA (မန္တလေး)