ပြည်တွင်းကုန်သွယ်မှုသတင်းများ
ကန့်ဘလူမြို့ပေါ်ရပ်ကွက်တွင် ပဲတီစိမ်းကို ပဲတီပင်ပေါက်ဖောက်၍ ရောင်းချလျက်ရှိရာ ပဲတီစိမ်းအပင်ဖောက်ရာတွင် အသစ်ပေါ်သော ပဲတီစိမ်းကို အပင်ဖောက်၍မရကြောင်း ပဲတီစိမ်း အဟောင်းကို သာရှာဝယ်ပြီး ပဲတီပင်ပေါက်ဖောက်ရကြောင်း သိရပါသည်။

ကန့်ဘလူမြို့တွင် ဒေသထွက် လက်လုပ်ချဉ်အမျိုးမျိုးကို ရောင်းချလျက်ရှိရာ ရာသီစာဖြစ်သည့် မုန့်ညှင်းချဉ် လုပ်ငန်းကိုလည်း ရောင်းချလျက်ရှိကြောင်း သိရပါသည်။

ကန့်ဘလူမြို့တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိရာ မိမိတို့ အိမ်ခြံဝင်းအတွင်းနှင့် တောင်ယာမြေများတွင် တစ်နိုင်တစ်ပိုင်အနေဖြင့် စားဖိုဆောင်သီးနှံများ၊ နှစ်ရှည်သီးနှံပင်များကို စိုက်ပျိုးထားကြသည့်အနက် နှစ်ရှည်ပင်ဖြစ်သည့် ပိန္နဲပင်သည်လည်း တစ်မျိုးပါဝင်ပါသည်။

ကန့်ဘလူမြို့ မဈေးအတွင်းတွင် ကုန်စိမ်းသီးနှံအစုံ ဖြစ်သည် ပန်ဂေါ်ဖီ၊ ဂေါ်ဖီထုတ်၊ ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘိုစားပဲသီး၊ ဂေါ်ရခါး သီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက်ရှိရာ မုံညှင်းထုတ်ကို မန္တလေးမြိူ့မှ မှာယူရောင်းချကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များမှ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးကို လုပ်ကိုင်လျက်ရှိရာ ဘိုစားပဲကိုလည်း စိုက်ပျိုးလျက်ရှိပြီး ရာသီစာ ဘိုစားပဲစိုကို ကန့်ဘလူမြို့မဈေးကွက်သို့ လာရောက်ရောင်းချကာ ဈေးကောင်ရရှိ၍ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။
