
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ကန့်လန့်ဖူး၊ မုံညှင်းရွက်၊ ခရမ်းကဆော့သီး၊ ကြက်ဟင်းခါးသီး၊ ခရမ်းသီးများ ရောင်းချလျက်ရှိရာ ယခုအခါ ပဲစောင်းလျားပင်၊ သခွားသီးပင်နှင့် ခရမ်းကြွပ်သီးပင်များကို နေအိမ် ခြံဝင်းများတွင်လည်းကောင်း၊ ယာကွက်ခြံစည်းရိုးများတွင်လည်းကောင်း စိုက်ပျိုး၍ ရောင်းချလျက် ရှိကြောင်းသိရသည်။ ပဲစောင်းလျားသီး၊ သခွားသီးနှင့် ခရမ်းကြွပ်သီးများကို သုပ်စား၊ချက်စား၊ ငပိရည်နှင့်တွဲဖက်၍လည်း အမျိုးမျိုးပြုလုပ်၍ စားသုံးကြကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ပဲစောင်းလျားသီး၊ သခွားသီးနှင့် ခရမ်းကြွပ်သီးများကို ကန့်ဘလူမြို့ပေါ်၊နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများ မှဝယ်ယူ၍ ရောင်းချလျက်ရှိကြောင်း၊ ပဲစောင်းလျားသီး(၅)တောင့်ပါ (၁)စည်းလျှင် (၅၀၀)ကျပ်၊ (၃)စည်းလျှင် (၁၃၀၀)ကျပ်၊ သခွားသီး(၁)လုံးလျှင် (၁၀၀၀)ကျပ်၊ ခရမ်းကြွပ်သီး(၁)ပိဿာလျှင် (၃၈၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ်ဖြင့် အရောင်းအ ဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
