Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
21 Jul 2025
မလေးရှားနိုင်ငံ၌ စားအုန်းဆီထုတ်လုပ်မှုသည် ဇူလိုင်လတွင် ရာသီအလိုက် အားကောင်းမှု စတင်လာဖွယ်ရှိပြီး အမေရိကန်၏ အကောက်ခွန်နှုန်းထား တိုးမြှင့်သတ်မှတ်ခြင်းကြောင့် ရိုက်ခတ် လာသည့် ၀ယ်လိုအားအရ စျေးနှုန်းယာယီမြင့်တက်လာမှုကို လျော့ပါးစေနိုင်သည်ဟု လေ့လာ ဆန်းစစ်သူများက ပြောကြားခဲ့ကြောင်း The Edge Malaysia သတင်းဌာနက ဇူလိုင်လ ၁၁ ရက် နေ့တွင် ဖော်ပြထားသည်။
21 Jul 2025
ပါကစ္စတန်နိုင်ငံ၏ ပဲမျိုးစုံတင်သွင်းမှုသည် ၂၀၂၅ ဘဏ္ဍာနှစ် ပထမ ၁၀ လအတွင်း၌ပင် တန်ချိန် ၁.၃၂ သန်း၊ တန်ဖိုး ဒေါ်လာ ၉၁၈ သန်းသို့ ရောက်ရှိခဲ့ရာ ယခင်ဘဏ္ဍာနှစ် တစ်နှစ်လုံးတွင် တင်သွင်းခဲ့သော တန်ချိန် ၁.၃၁၅ သန်း (တန်ဖိုးဒေါ်လာ ၉၄၆ သန်း) ကို ကျော်လွန်ခဲ့ကြောင်း၊ ယခုနှစ် မေလအထိ တန်ဖိုး ဒေါ်လာ ၉၇၀ သန်းရှိသော ပဲမျိုးစုံ တန်ချိန် ၁.၄ သန်းကို တင်သွင်းထား သည့်အချက်က ၂၀၂၅ ဘဏ္ဍာနှစ် ကုန်ဆုံးချိန် ဇွန်လကုန်၌ တင်သွင်းမှုစံချိန်အသစ် မှတ်တမ်းတင် မည်ကို ညွှန်ပြလျက်ရှိကြောင်း Pakistan Today သတင်းဌာနက ဖော်ပြပါသည်။
21 Jul 2025
ဖိလစ်ပိုင်နိုင်ငံ၌ ယခုနှစ်ဒုတိယသုံးလပတ်တွင် ရာသီဥတုကောင်းမွန်သည့်အခြေအနေများ အရ ပြည်တွင်းစပါး ထွက်ရှိမှုမှာတိုးတက်ခဲ့ပြီး အဓိကစားသုံးကုန်စည်ဖြစ်သော ဆန်တင်သွင်းရမှု ကို လျော့ကျစေခဲ့ကြောင်း သိရှိရပါသည်။
21 Jul 2025
ဗီယက်နမ်နိုင်ငံသည် ယခင်နှစ်ထက် ၂.၇ ရာခိုင်နှုန်း ပိုမိုလျက် ၂၀၂၅ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၄.၅ ဘီလီယံတန်ဖိုးရှိသော သီဟိုဠ်စေ့များ တင်ပို့ရန် ရည်မှန်းထားကြောင်း၊ အဆိုပါ ပန်းတိုင်သို့ ရောက်ရှိရန် သီဟိုဠ်စေ့ကဏ္ဍအနေဖြင့် ဒုတိယနှစ်ဝက် ကာလအတွင်း အမေရိကန် ဒေါ်လာ ၂.၂ ဘီလီယံခန့် ရရှိရန် လိုအပ်ကြောင်း ဗီယက်နမ် စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ရေးရာ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
16 Jul 2025
အင်ဒိုနီးရှားနိုင်ငံ၏ ရေကြောင်းရေးရာနှင့် ငါးဖမ်းလုပ်ငန်းဝန်ကြီး Sakti Wahyu Txenggono က အင်ဒိုနီးရှားနိုင်ငံ၏ ရေထွက်ကုန်များ တင်ပို့မှုသည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက် တွင် တစ်နှစ်ထက် တစ်နှစ် ၆.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁.၉၄ ဘီလီယံသို့ ရောက်ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ပါလီမန်အဆောက်အအုံတွင် အောက်လွှတ်တော် ကော်မရှင် IV နှင့် တွေ့ဆုံစဉ် Sakti Wahyu Txenggono က ရေထွက်ပစ္စည်း တင်ပို့မှုပမာဏသည် ၂၀၂၅ ခုနှစ် သုံးလတွင်း စုစုပေါင်းတန်ချိန် ၄၃၀၀၀၀ အထိ ၂.၃ ရာခိုင်နှုန်းတိုးလာကြောင်း မှတ်ချက်ပြုခဲ့သည်။ ထုတ်လုပ်မှုအရ အင်ဒိုနီးရှားသည် ပထမသုံးလတွင် ရေထွက်ပစ္စည်းတန်ချိန် ၅.၈၇ သ
16 Jul 2025
ပြည်တွင်းပြည်ပ မရေရာမှုများကြောင့် တောင်ကိုရီးယားတွင် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြုပ်နှံ မှု (FDI) သည် ပထမနှစ်ဝက်တွင် ဂဏန်းနှစ်လုံးဖြင့် ကျဆင်းသွားခဲ့ကြောင်း အစိုးရအချက်အလက် များက ဇူလိုင်လ ၃ ရက်နေ့တွင် ဖော်ပြခဲ့သည်။ FDI သည် ဇန်နဝါရီမှ ဇွန်လအတွင်း အမေရိကန် ဒေါ်လာ ၁၃.၁၀ ဘီလီယံရှိပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၄.၆ ရာခိုင်နှုန်း ကျဆင်း ခဲ့ကြောင်း ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန၏ထုတ်ပြန် သိရသည်။ ဂဏန်းနှစ်လုံးပါ လျှော့ချမှုသည် အမေရိကန်၏ စည်းကြပ်ခွန် စည်းကြပ်မှုနှင့် နိုင်ငံရေးမရေရာမှုတို့ကြောင့်ဖြစ်ပြီး၊ ပြီးခဲ့သည့် ဒီဇင်ဘာလက ဖြုတ်ချခံရသော သမ္မတ Yoon
16 Jul 2025
အင်ဒိုနီးရှားအစိုးရသည် ထောက်ပံ့ပို့ဆောင်ရေးကုန်ကျစရိတ်များကို လျှော့ချရန်နှင့် နိုင်ငံ တကာဈေးကွက်များတွင် ၎င်း၏ထုတ်ကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန် ဗျူရိုကရေစီနှင့် စည်းမျဉ်းများကို ရိုးရှင်းစေရန် စီစဉ်နေကြောင်း စီးပွားရေးရေးရာ ညှိနှိုင်းရေးဝန်ကြီး Airlangga Hartarto က ပြောကြားခဲ့သည်။ဝန်ကြီးက မကြာသေးမီနှစ်များအတွင်း နိုင်ငံ၏ ကုန်သွယ်မှုပိုငွေပြမှု ကို တသမတ်တည်းဖြစ်စေခဲ့သည့် ပို့ကုန်မြှင့်တင်ရန် အစိုးရ၏ကတိကဝတ်ကို အလေးပေး ပြောကြားခဲ့သည်။ စီးပွားရေး အလုံးစုံစွမ်းဆောင်ရည် မြှင့်တင်ရန် အဓိကမဟာဗျူဟာမှာ ထောက်ပံ့ပို့ဆောင် ရေး ကုန်ကျစရိတ်များကို လျှော့ချရန်ဖြစ်ကြောင်း ၎င်းက
16 Jul 2025
တူရကီနိုင်ငံ စာရင်းအင်းအင်စတီကျုမှ ဇူလိုင်လ ၃ ရက်‌နေ့တွင် ထုတ်ပြန်သော တရားဝင် အချက်အလက်များအရ တူရကီနိုင်ငံ၏ နှစ်စဉ်စားသုံးသူငွေကြေးဖောင်းပွမှုသည် ဇွန်လတွင်မျှော်မှန်း ထားသည်ထက် ၃၅.၀၅ ရာခိုင်နှုန်းသို့ နှေးကွေးသွားကြောင်း သိရသည်။ ဇွန်လအတွက် လစဉ်ငွေ ကြေးဖောင်းပွမှုနှုန်းသည် ခန့်မှန်းထားသည်ထက် ၁.၃၇ ရာခိုင်နှုန်း နိမ့်ကျခဲ့သည်ဟု အချက်အလက် များက ဖော်ပြခဲ့သည်။ နှစ်စဉ်ငွေကြေးဖောင်းပွမှု ၃၅.၄၁ ရာခိုင်နှုန်းနှင့် လစဉ်ငွေကြေးဖောင်းပွမှု ၁.၅၃ ရာခိုင်နှုန်းရှိချိန်တွင် မေလမှ ဆက်လက်ထိန်းညှိပေးသည့် ကိန်းဂဏန်းများဖြစ်သည်။ တူရကီနိုင်ငံသည် နှစ်အတော်ကြာ ငွေကြေးဖောင်းပွမှု မြင့်တက်လာမှုနှင့် ရင်ဆို
16 Jul 2025
သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) ထုတ်ကုန်များ တင်ပို့မှုမှာ ပြည် တွင်းဖြစ် ဆီမီးကွန်ဒတ်တာများအတွက် ၀ယ်လိုအား အားကောင်းခြင်းကြောင့် လေးလဆက်တိုက် မြင့်တက်ခဲ့ကြောင်း အစိုးရအချက်အလက်များက ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။ အိုင်စီတီ ထုတ်ကုန်များ တင်ပို့မှုမှာ အစောပိုင်းကထက် ၉.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး မေလတွင် ကန်ဒေါ်လာ ၂၀.၈၈ ဘီလီယံအထိ မြင့်တက်ခဲ့ကြောင်း ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန ထုတ်ပြန် ချက်အရသိရသည်။ မျိုးဆက်ပွားဥာဏ်ရည်တု (AI) ချစ်ပ်ဆက်များတွင် အသုံးပြုသည့် ဒေတာနှစ် ထပ်နှုန်း 5 (DDR5) နှင့် မြင့်မားသော ဘန်းဝဒ်မမ်မိုရီ (HBM) ထုတ်ကုန်ကဲ့သို့သော အဆင့်မ
16 Jul 2025
ထိုင်းနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် နိုင်ငံခြားခရီးသွား ၁၆.၆၈ သန်းကျော် စံချိန် တင်ဝင်ရောက်ခဲ့ပြီး ယခင်နှစ်ထက် ၄.၆၆ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း တရားဝင်အချက်အလက် များက ဇူလိုင်လ ၁ ရက်နေ့ ဖော်ပြချက်အရသိရသည်။ မလေးရှားနိုင်ငံသည် ယခုနှစ် ပထမခြောက်လ အတွင်း ခရီးသွား၀င်ရောက်မှု ၂.၂၉ သန်းဖြင့် ဧည့်သည်ဝင်ရောက်မှု အများဆုံးဖြစ်ရင်းမြစ်နိုင်ငံဖြစ် ကြောင်း ထိုင်းခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အရှေ့ တောင်အာရှနိုင်ငံ သည် ယခုနှစ်တွင် နိုင်ငံတကာခရီးသွားများထံမှ ၀င်ငွေ ဘတ် ၇၇၁.၅၅ ဘီလီယံခန့် (အမေရိကန် ဒေါ် လာ ၂၃.၈၀ ဘီလီယံခန့်) ရရှိခဲ့ပြီး တစ်နှစ်ထ
16 Jul 2025
ကမ္ဘောဒီးယားအထက်အလွှတ်တော်ဥက္ကဌဟွန်ဆန်က PTT Gas Station ပိုင်ရှင်များအား အမည်ပြောင်းလဲစရာမလိုသော်လည်း လောင်စာအရင်းအမြစ်များကို ထိုင်းနိုင်ငံထက် အခြားနိုင်ငံ များထံမှတင်သွင်းရန်တိုက်တွန်းခဲ့ပြီး ဗီယက်နမ်၊ မလေးရှားနှင့် စင်ကာပူတို့ထံမှတင်သွင်းရန် အကြံပြုခဲ့ကြောင်း သိရပါသည်။ ဟွန်ဆန်က ထိုင်းနိုင်ငံအစရှိသည့် အနာဂတ်ခြိမ်းခြောက်လာနိုင် မှုများကို တုံ့ပြန်ရန်အတွက် ကမ္ဘောဒီးယားက မိမိကိုယ်တိုင်မီခိုနိုင်စွမ်းရှိရန် လိုအပ်သည့် လျှပ်စစ်၊ အင်တာနက်၊ လောင်စာနှင့် အခြားကိစ္စရပ် တို့ပါဝင်သည့် အဓိကဧရိယာများကို ထုတ်ဖော် ပြောကြားခဲ့ကြောင်း သိရပါသည်။ ဟွန်ဆန်က ထိုင်းနိုင်ငံထံမှ ဖိအားများနှင့်တင်း
16 Jul 2025
၂၀၂၅ ခုနှစ်၏ ပထမ ၆ လတာကာလတွင် ကမ္ဘောဒီးယားနိုင်ငံသည် ဆန်တန်ချိန် ၃၈၇၀၇၀ တင်ပို့ရာမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၂၈၃ သန်းရရှိခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဆန်စပါးအသင်းချုပ် (CRF) က ပြောကြားခဲ့ပါသည်။ ထိုဆန်များကို ပို့ကုန်လုပ်ငန်း ၅၀ ခုမှ နေရာပေါင်း ၆၃ ခုသို့တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ၎င်းပမာဏထဲတွင် အမေရိကန် ဒေါ်လာ သန်း ၁၄၀ တန်ဖိုးရှိသောဆန်တန်ချိန် ၁၈၂၈၈၅ တန်ကို ဥရောပနိုင်ငံများ၊ အမေရိကန် ‌ဒေါ်လာ သန်း ၆၀ တန်ဖိုးရှိသော ဆန်တန်ချိန် ၁၀၂၅၀၉ တန်ကို တရုတ်နှင့် ၎င်း၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများ၊ အမေရိကန်ဒေါ်လာ ၃၇ သန်းတန်ဖိုးရှိသောဆန်တန်ချိန် ၅၂၈၉၀ တန်ကို အာဆီယံ ၇ နိုင်ငံနှင့်

Pages