Main menu

သြဂုတ်လတွင် ဗြီတိန်နိုင်ငံ၏ လျှပ်စစ်ကားရှယ်ယာများ အမြင့်ဆုံးစံချိန်ထိ မြင့်တက်လျက်ရှိ

Powered by Drupal

                ဗြိတိန်နိုင်ငံလျှပ်စစ်ကား (BEV) မှတ်ပုံတင်ခြင်းများသည် တစ်နှစ်ထက်တစ်နှစ် ၁၄.၉ ရာခိုင်နှုန်းခန့် မြင့်တက်လျက်ရှိရာ သြဂုတ်လတွင် ရှယ်ယာများသည်အမြင့်ဆုံးစံချိန်အဖြစ် ရောက်ရှိခဲ့ကြောင်း မော်တော်ကားထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးအဖွဲ့အစည်း (SMMT) မှ ထုတ်ပြန်သော အချက်အလက်များအရ သိရပါသည်။ စျေးကွက်ရှယ်ယာများသည် သြဂုတ်လ တွင် ၂၆.၅ ရာခိုင်နှုန်းဖြင့် ရပ်တည်လျက်ရှိပြီး ၄ ကြိမ်မြောက်အမြင့်ဆုံးစံချိန်ဖြစ်ကြောင်း  SMMT အစီရင်ခံစာများအရ သိရပါသည်။ ယခုနှစ် ပထမ ၈ လအတွင်းတွင် ဗြီတိန်နိုင်ငံကားအသစ်စျေး ကွက်သည် ၂.၁ ရာခိုင်နှုန်းခန့် ချဲ့ထွင်နိုင်ခဲ့ကြောင်း သိရပါသည်။ ဇူလိုင်လလယ်တွင် ဗြီတိန်နိုင်ငံ အစိုးရသည် ဓာတ်ငွေ့ထုတ်လုပ်မှု ကင်းစင်သောမော်တော်ကားများအသွင်သို့ကူးပြောင်းမှုကို ထောက်ပံ့ရန်နှင့် ရေရှည်တည်တံ့သော မော်တော်ကားထုတ်လုပ်မှုများကို နှိုးဆော်ခဲ့ကြောင်း သိရပါသည်။ အစိုးရသည် စုစုပေါင်းတန်ကြေး ပေါင် ၆၅၀ သန်း (အမေရိကန်ဒေါ်လာ ၈၇၈ သန်းခန့်) တန်ကြေးရှိသော ဓာတ်ငွေ့ထုတ်လုပ်မှုကင်းစင်သော မော်တော်ကားများကို တစ်စီး လျှင် ပေါင် ၃၇၀၀၀ အောက်တွင် ‌ရောင်းချနိုင်ရန်အတွက် စီစဥ်လျက်ရှိကြောင်း သိရပါသည်။

Source: Xinhua  

DOCA (ရန်ကုန်)