Main menu

နည်းပညာမြင့်ဆိပ်ကမ်းပုံစံများဖြင့် ဗီယက်နမ်-တရုတ် နယ်စပ် ကုန်သွယ်မှုကို မြှင့်တင်

Powered by Drupal

          မကြာသေးမီနှစ်များအတွင်းတွင် ဗီယက်နမ်နှင့်တရုတ်နှစ်နိုင်ငံသည် နည်းပညာမြင့်နယ်စပ်ဂိတ်များ ပူးပေါင်းတည်ဆောက်မှုသည် အရေးပါသော လုပ်ဆောင်မှုတစ်ခုဖြစ်ခဲ့ပြီး ကုန်စည်စီးဆင်းမှုနှင့် စိုက်ပျိုးရေးထုတ်ကုန်များပိတ်ဆို့မှုတို့ကို ဖယ်ရှားရန်ကူညီပေးခဲ့ပါသည်။

          ၎င်းသည် နှစ်နိုင်ငံကုန်သွယ်မှုကို မြှင့်တင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေသော နယ်စပ်စီမံ ခန့်ခွဲမှုကို ခေတ်မှီစေရန် နှစ်နိုင်ငံလုံး၏ ဆုံးဖြတ်ချက်ကိုလည်း ပြသခဲ့ခြင်းဖြစ်ပါသည်။

          ယခင် ထရပ်ကား တစ်စီး၏ လုပ်ငန်းစဉ်အားလုံးပြီးစီးရန် ၃ ရက်မှ ၅ ရက်အတွင်းကြာမြင့်ခဲ့သော်လည်း ယခုအခါ ၁၅ စက္ကန့်ခန့်သာကြာမြင့်ကြောင်း သိရပါသည်။ QR ကုဒ် စကင်ဖတ်ခြင်း၊ မျက်နှာမှတ်ထားခြင်းနှင့် လက်ဗွေမှတ်ပုံတင်ခြင်းတို့ကို တစ်ပြိုင်တည်းလုပ်ဆောင်နိုင်ခြင်းကြောင့် ယာဉ်မောင်းများ၏ ဝင်ခွင့်လုပ်ငန်းစဉ်များကို လျင်မြန်စွာပြီးစီးစေနိုင်ခြင်းဖြစ်ပါသည်။ အထူးသဖြင့် သက်တမ်းတိုးသော သစ်သီးများဖြစ်သည့် တရုတ်နိုင်ငံ၏ ဒူရင်းသီးကဲ့သို့သော ထုတ်ကုန်များသည် ယခုအခါ နှောင့်နှေးမှုမရှိသောကြောင့် မပျက်စီးဘဲ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်နိုင်ပြီဖြစ်ပါသည်။

          ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်-တရုတ် နယ်စပ်ဂိတ်များတွင် အကောက်ခွန်ပေးဆောင်ခဲ့သည့် ထရပ်ကားအရေအတွက်သည် တစ်ရက်လျှင် ၃၃၀၀ စီးစံချိန်တင်ခဲ့ပြီး ၂၀၁၉ ခုနှစ်၏ အရေအတွက်ထက် နှစ်ဆတိုးလာခဲ့ခြင်းဖြစ်ပါသည်။

          နောက်ထပ်ထူးခြားချက်မှ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာများကို အသုံးပြုထားခြင်းကြောင့် အလိုအလျှောက်စနစ်ဖြင့် ဆောင်ရွက်နိုင်ခြင်း ဖြစ်ပါသည်။ တရုတ်-ဗီယက်နမ်ချစ်ကြည်ရေး ကုန်စည်ပို့ဆောင်ရေး စင်္ကြန် အဆင်မြင့်ဆိပ်ကမ်းစီမံကိန်း၏ ဒုတိယ အကြီးအကဲဖြစ်သူ Zhu Houdong က အဆင့်မြင့်ဆိပ်ကမ်းတည်ဆောက်ခြင်း၏ ရည်ရွယ်ချက်မှာ အကောက်ခွန်များကို လျှင်မြန်စွာပေးဆောင်နိုင်ပြီး နန်နင်းနှင့် ဟနွိုင်းကို ကုန်စည်များ ၂၄ နာရီအတွင်း ကုန်သယ်မှုပြုနိုင် ရန်ဖြစ်ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီသို့ ပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source : Vietnamplus

DOCA(ရန်ကုန်)