
သြဂုတ်လ ၂၅ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ Lao Cai မြို့နယ်စပ်ဂိတ်များမှ စုစုပေါင်း ပို့ကုန် သွင်းကုန် လည်ပတ်မှုသည် အမေရိကန်ဒေါ်လာ သန်း ၉၀၀ ကျော်ရှိခဲ့ပြီး ပို့ကုန် အမေရိကန်ဒေါ်လာ ၃၃၉ သန်းနှင့် သွင်းကုန်အမေရိကန်ဒေါ်လာ ၅၆၂ သန်းတို့ရှိခဲ့ကြောင်း သိရပါသည်။
ဗီယက်နမ်မြောက်ပိုင်း Lao Cai နယ်စပ်ဂိတ်များမှ ကုန်သွယ်မှုလုပ်ငန်းများသည် တည်ငြိမ်နေပြီး၊ ယခုနှစ်အတွက် ပျမ်းမျှနေ့စဉ် ကုန်တင်ကား အစီး ၅၀၀ ခန့်သွားလာမှုရှိကာ အမေရိကန် ဒေါ်လာ သန်း ၉၀၀ ကျော် ဝင်ငွေရရှိခဲ့ကြောင်း Lao Cai နယ်စပ်ဂိတ် အကောက်ခွန်ဌာန ထုတ်ပြန်ချက်အရသိရပါသည်။
Kin Thanh အပြည်ပြည်ဆိုင်ရာ ကုန်းတွင်နယ်စပ်ဂိတ်အမှတ် ၂ တွင် အကောက်ခွန်ပေး ဆောင်ရေးလုပ်ငန်းများ ချော့မွေ့စွာဆောင်ရွက်လျှက်ရှိပါသည်။ အဓိက တင်ပို့ကုန်များမှာ သစ်၊ သစ်သီး၊ ကော်ဖီ၊ မုန့်ပဲသရေစာနှင့် ဖိနပ် များဖြစ်ပါသည်။ အဓိက သွင်းကုန်မှာ မြေသြဇာ၊ ဟင်းသီး ဟင်းရွက်၊ သစ်သီး၊ ကိုကာကိုလာ၊ ဓာတုပစ္စည်းများ၊ မုန့်ပဲသရေစာနှင့် စက်ပစ္စည်းများ ဖြစ်ပါသည်။ ပျမ်းမျှနေ့စဉ် ကုန်တင်ကား အစီးရေ ၂၀၀ ခန့်ဖြင့် တင်ပို့မှုများဆောင်ရွက်ပြီး ကုန်တင်ကားအစီးရေ ၃၀၀ ခန့်ဖြင့် ဗီယက်နမ်သို့ တင်သွင်းမှုများဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
ဒေသအမှတ် ၇ အကောက်ခွန်ဦးစီးဌာနခွဲမှ စာရင်းများအရ သြဂုတ်လ ၂၅ ရက်နေ့အထိ Lao Cai နယ်စပ်ဂိတ်များမှ စုစုပေါင်းပို့ကုန်သွင်းကုန်လည်ပတ်မှု အမေရိကန်ဒေါ်လာ သန်း ၉၀၀ ကျော် လွန်ခဲ့ပြီး ပို့ကုန်အမေရိကန်ဒေါ်လာ ၃၃.၉ သန်းနှင့် သွင်းကုန်အမေရိကန်ဒေါ်လာ ၅၆၂ သန်းရှိခဲ့ကြောင်း သိရပါသည်။
Source : Vietnamplus
DOCA(ရန်ကုန်)