ကုန်သွယ်မှုသတင်းများ
Powered by Drupal
17 Jul 2025
မြန်မာနိုင်ငံတွင် (၁၂)လ ရာသီစက်ဝန်းအလိုက် ပန်းကလေးများ ပွင့်တတ်ပါသည်။ တန်ခူးလရာသီပန်းပိတောက်ပန်း၊ကဆုန်လရာသီပန်း ၊စကားဝါပန်း၊ နယုန်လရာသီပန်းစံပယ်ပန်း၊ ဝါဆိုလရာသီပန်းပုန်းညက်ပန်း၊ဝါခေါင်လရာသီပန်းခတ္တာပန်း၊တော်သလင်းလရာသီပန်းရင်းမာပန်း၊သီတင်းကျွတ်လကြာပန်း၊တန်ဆောင်မုန်းလခဝဲပန်း၊နတ်တော်လသဇင်ပန်း၊ပြာသိုလခွာညိုပန်း၊ တပို့တွဲလပေါက်ပန်း၊ တပေါင်းလသရဖီပန်း ဟူ၍ ရာသီစက်ဝန်းအလိုက် ပွင့်သောပန်းများရှိသည်။ မြန်မာနိုင်ငံသည်လှပသော တောတောင်ရေမြေ သဘာဝအလှကို ပိုင်ဆိုင်ထားပါသည်။ ရင်းမာပန်းသည်မွှေးသောယဉ်သော ပန်းဖ

17 Jul 2025
တယူဇနာပန်းကို တောင်ကြီးသနပ်ခါးပန်းဟုလည်း ခေါ်ကြသည်။ အဖြူနှင့် အဝါ နှစ်မျိုးရှိသည်။ တယူဇနာမွှေးပန်းပင်သည် ရေကြိုက်ပင်ဖြစ်ပြီး အရိပ်မှာစိုက်ရသည်။ လေသင့်တိုင်းမွှေးသောပန်းမို့ ရနံ့လေးရှုလိုက်ရင်ဖြင့် တနေ့တာ ဘဝအမောတွေပြေစေတဲ့ ပန်းကလေး ဖြစ်ပါသည်။ တယူဇနာမွှေးပန်းပင်ကလေးများသည် မိုးများပြီး အေးသောအရပ်ဒေသတွင် ဖြစ်ထွန်းပြီး မိုးကုတ်၊ ပြင်ဦးလွင် ဒေသတွင် အများဆုံးတွေ့နိုင်သည်။ ဒီပန်းကလေးရဲ့ အမည်ကလည်း အမည်နဲ့လိုက်အောင် တယူဇနာအကွာ အဝေးထမွှေးပျံ့လွန်းနိုင်သည် ဟုတင်စားခေါ်ဝေါ်ခြင်းဖြစ်သည်။ ပန်ဆင်ခြင်း သိ

17 Jul 2025
စပယ်ပန်းရနံ့က စိတ်ကိုကြည်လင်အေးမြစေပြီး စိတ်ဖိစီးမှုကို လျော့နည်းစေပါသည်။ စပယ်ပန်း၏ အဓိပ္ပါယ်သည် “ချစ်ခြင်းမေတ္တာ” ကို ကိုယ်စားပြုပါသည်။ ကျေးဇူးတင်ကြောင်း ဖော်ပြရန်နှင့် ကံကောင်းစေရန် တောင်းဆုပြုရန် စပယ်ပန်းကို ရွေးချယ်ကြသည်။ စပယ်ပန်းၑ နှင်းလိုဖြူဆွတ်တဲ့ အရောင်၊ မွှေးပျံ့ချိုမြိ်န်တဲ့ ရနံ့၊ လှပတဲ့ပန်းပွင့်ပုံစံ တွေကြောင့် “JASMINE “ ဘုရားသခင်ထံမှ လက်ဆောင် ဟု အဓိပ္ပာယ်ရပါသည်။အဖြူစင်ဆုံးပန်းစပယ်ကုံးလေးတွေရဲ့ ရနံ့က မွှေးပြန့်သင်းကြိုင် လှပါသည်။ ပန်းလေးတွေက အလွန်လှပ တင့်တယ်လှပေသည်။ အဖြူရောင်အဆင်

17 Jul 2025
နှင်းပန်း၏ အဓိပ္ပာယ် “ အဆင်မပြေမှုတွေက တခဏပါ” ဟူ၍ ဖြစ်သည်။ မြေပြန့်ဒေသရှိ နှင်းပန်းသည် အဖြူရောင် ပန်းကလေးများ ဖြစ်ပြီး ရေမွှေးပန်းသည် အစိမ်းရောင်ကြား ခရမ်းရောင်ပွင့်ကလေးများ ပွင့်သောပန်းကို ခေါ်သည်။ မိုးကုတ်၊ ပြင်ဦးလွင်၊ ရှမ်းပြည်နယ်၊ တောင်ကြီးဒေသထွက် နှင်းပန်းသည် အဝါနုရောင် ပန်းခိုင်တိုလေးများ ဖြစ်ပြီး အရွက်က သစ္စာပန်းအရွက်နှင့် ဆင်တူပါသည်။၎င်းနှင်းပန်း(ခေါ်) ရေမွှေးပန်းကို အောက်ရပ်မြေပြန့်ဒေသတွင် မတွေ့ရဘဲ အေးသောတောင်ပေါ်ဒေသများတွင်သာ ပွင့်သောပန်း ဖြစ်သည်။ ရေမွှေးပန်း(သို့) နှင်းပန်းလို့ခေါ်

17 Jul 2025
အိမ်များတွင် ကုတင်များပေါ်၌ ခင်းပြီးအိပ်စက်ရန်အတွက် ဖျာအမျိုးမျိုး ရောင်းချလျက်ရှိ ကြပါသည်။ ယခုအခါတွင် ဈေးကွက်၌ ပလပ်စတစ်ဖျာ၊ ဝါးဖျာနှင့် သင်ဖြူးဖျာဟူ၍ အမျိုးမျိုးရှိကြ သော်လည်း ရာသီကိုလိုက်၍ အပူအအေး ချိန်ညှိပေးနိုင်သည့် သင်ဖြူးဖျာများမှာ ဈေးကွက်တွင် လူကြိုက်များလျှက်ရှိပါသည်။

