Main menu

အရောင်းသွက်သည့်မန္တလေးပဲပုတ်

Powered by Drupal

  ပြည်တွင်းစားသုံးမှုများပြားခြင်းနှင့် ပြည်ပတင်ပို့သည့်ပဲပုတ်မှာ အရောင်းသွက်လျက်ရှိပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ခုနှစ်တွင်ပဲပုတ်အပါအဝင်ပဲမျိုးစုံစိုက်ပျိုးမှု၁၀၁၉၄၇၇ ဧကဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊စက်ပိုင်များ မဟာကထိန်တော်အသင်း တွင်၂၀၂၅ခုနှစ်သြဂုတ်လဒုတိယပတ်အတွင်းပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲပုတ်(ရှမ်း) ၂၅၀၀၀၀ကျပ်နှင့်၂၆၅၀၀၀ကျပ်၊ပဲပုတ်(ဗမာ)၃၈၀၀၀၀ကျပ်နှင့် ၃၈၅၀၀၀ ကျပ်၊တစ်ပိဿာ ပေါက် စျေးမှာ ပဲပုတ် (ရှမ်း) ၄၆၉၅ ကျပ်နှင့်၄၈၈၃ ကျပ်၊ပဲပုတ်(ဗမာ) ၇၁၆၃ကျပ်နှင့် ၇၂၃၀ကျပ် တို့ဖြစ် ကြောင်း သိရပါသည်။ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ ပဲပုတ် (ရှမ်း) ၆၇၆၁ ကျပ်နှင့် ၇၁၃၆ ကျပ်၊ပဲပုတ်(ဗမာ)၅၇၂၈ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ယခုနှင့် ယခင်နှစ် ကာလတူပေါက်စျေး နှိုင်းယှဉ်ပါက ပဲပုတ်(ဗမာ)စျေးကျဆင်းသွားပြီး၊ပဲပုတ်(ရှမ်း)‌စျေးမှာ ပိုမိုရရှိကြောင်းသိရပါသည်။

DOCA(မန္တလေး)