Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
23 Sep 2024

     ကြောင်လျှာပင်သည် မြန်မာနိုင်ငံအနှံ့အပြားတွင် ပေါက်ရောက်နိုင်ပြီး အသီး ၊အပွင့် ၊ အမြစ် ၊ အခေါက်အားလုံးတို့ကို စားဖွယ် ၊ သောက်ဖွယ်နှင့် ဆေးအဖြစ် အသုံးပြုကြပါသည်။ ကြောင်လျှာသီးသည် မိုးရာသီတွင် လှိုင်လှိုင်ပေါများပြီး ဇွန်လတွင် စတင်ထွက်ရှိပါသည်။ ကြောင်လျှာပွင့်နှင့် အရွက်ကိုပြုတ်၍ဖြစ်စေ ရေနွေးဖျော၍ဖြစ်စေ သုပ်စားခြင်း၊ အတို့အမြုပ်လုပ်စားခြင်းများပြုလုပ်ကြပြီး ကြောင်လျှာသီးကို အစိမ်းသုပ်စားခြင်း ၊ချဉ်ဖက်ထည့်ခြင်း ၊ ကြော်စားခြင်း ၊မီးဖုတ်စားသုံးခြင်းအပြင် အသား/ငါးဟင်းလျာများန

23 Sep 2024

        ထားဝယ်မြို့ရှိ ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများသည် မိမိတို့နေအိမ်ခြံဝင်းအတွင်း သီးပင်၊ စားပင်းများစိုက်ပျိုးထားလျက်ရှိရာ ပဲတောင့်ရှည်(တိုင်ထောင်ပဲ)များကိုလည်း စိုက်ပျိုးထားပါသည်။  ပဲတောင့်ရှည်(တိုင်ထောင်ပဲ)များကို မြေဆီလွှာအမျိုးမျိုးတွင် စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးပြီးအချိန်မှစ၍ (၃၅) ရက်ခန့်တွင် ပန်းများဖူးပွင့်လာပြီး (၁၀)ရက်အကြာတွင် စတင်ဆွတ်ခူးနိုင်ပါသည်။ ဆွတ်ခူးပြီးသော ပဲတောင့်ရှည်များကို စည်ပင်သာယာဈေးကြီးအတွင်း ရောင်းချကြပါသည်။

23 Sep 2024

          ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်‌နေ့၊ နံနက် ၀၉း၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ‌ဟိုင်းဝေးစတားယာဉ်ရပ်နားစခန်းသို့  မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏စီစဥ်မှုဖြင့် Mahar Phone Let Yone ကုမ္ပဏီမှ တင်ပို့ရောင်းချသည့် စားအုန်းဆီတစ်ပေပါ ၁၁၀ပိဿာပါ စားအုန်းဆီ (၆၀) ပေပါကို ယာဥ်မောင်း  ဦးမျိုးဇော်ဝင်း၊ ယာဥ်အမှတ် 7P-7112/ ISUZU အမျိုးအစားမော်တော်ယာဥ်ဖြင့် ရောက်ရှိလာရာ တိုင်းဒေသကြီး စားသု

23 Sep 2024

       အာလူးသီးနှံသည် အာဟာရတန်ဖိုးတန်ဖိုးမြင့်မားသောကြောင့် ကမ္ဘာနိုင်ငံအများစုတွင် အဓိကအစားအစာအဖြစ် စားသုံးလျက်ရှိသော သီးနှံဖြစ်ပါသည်။ မြန်မာ့အာလူးစိုက်ဧရိယာ၏ (၇၅)ရာခိုင်နှုန်းကျော်ကို ရှမ်းပြည်နယ်တွင်စိုက်ပျိုးပြီး စိုက်ပျိုးသူအတွက် အကျိုးအမြတ်ရှိသည့် သီးနှံဖြစ်သည့်အပြင် စားသုံးသူတို့အတွက်လည်း အာဟာရတန်ဖိုးမြင့်မားသဖြင့် မြန်မာနိုင်ငံအတွင်း စိုက်ပျိုးလျက်ရှိသည်။ အခြားစိုက်ပျိုးသောဒေသများမှာ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း (ဟင်္သာတ) တို့တွင် စိုက်ပျိ

23 Sep 2024

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၏ ဒေသထွက်အစားအစာများထဲတွင် ရေဥသည် ဒေသအကြိုက်အစားအစာတစ်ခုဖြစ်ပါသည်။ ရေဥကို ရေသန့်သောရေကန်များတွင် ပေါက်ရောက်ပြီး ဆယ်ယူရာတွင် ရေမှော်များကိုဖယ်ရှား၍ ဇကာများဖြင့် သယ်ယူရပါသည်။ ဆယ်ယူပြီးသောရေဥများကို သန့်စင်အောင်ရေဆေးကြောပြီး ပီနံအိတ်ထဲသို့ထည့်ကာ တစ်ည ရေစစ်ထားရပါသည်။ ရေစစ်ပြီးသောရေဥများကို ဖြန့်ထားရပါသည်။ ဖြန့်ထားသောအချိန်တွင် ရေဥများသည် လေသလပ်သောအခါ အညိုရောင်သို့ ပြောင်းသွားပြီး ပြန်လည်မွှေပေးလိုက်သောအခါ အစိမ်းရောင်သို့ ပြေ

Pages