Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
22 Jul 2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးရာမှ ဥယျာဉ် ခြံမြေများနှင့် နေအိမ်များအတွင်းရှိ မြေကွက်လပ်များတွင် နဂါးမောက်သီးကို တပိုင်တနိုင် စိုက်ပျိုး၍ အောင်မြင်ဖြစ်ထွန်းပြီး မိသားစုအပိုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ဆိပ်ဖြူ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရှိရသည်။ နဂါးမောက်သီးနှံသည် ကျန်းမာရေးနှင့် ညီညွှတ်သော သီးနှံဖြစ်သည့်အတွက် စားသုံးသူများမှ ကြိုက်နှစ်သက်စွာ ဝယ်ယူစားသုံး ကြ၍ ဈေးကွက်တွင် အရောင်းအဝယ်သွက်လျက်ရှိသည်။ နဂါးမောက်ပင်သည် ရ
22 Jul 2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် ကြက်သွန်နီသီးနှံကို အဓိက သီးနှံအဖြစ် နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး မြို့ပေါ်ရှိ ကြက်သွန်နီကုန်စည်ဒိုင်နှင့် ပွဲရုံဈေးကွက်တွင် နေ့စဉ် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ပထမပတ်)တွင် ကြက်သွန်နီဈေးကျဆင်း ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဈေးကွက်သို့ စိုက်ပျိုးမှုများသော ဂွေးပင်၊ ထန်းပင်ချောင်း၊ လက်ဆည်၊ အုန်းမှင်ကျေးရွာများမှ အများဆုံးဝင်ရောက်ပြီး တစ်ရက်လျှင် ကြက်သွန်နီပျမ်းမျှ ကုန်ချိန်ပိဿာ(၃)သောင်းခန့် ဝင်ရောက်ကြောင်း ကုန်စည်ဒ
22 Jul 2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်တွင် ကွမ်းရွက်များကို ဧရာဝတီ တိုင်းဒေသကြီး ကနောင်၊ မြန်အောင်၊ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်း၊ ပေါင်းတလည်၊ စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့တို့ရှိကွမ်းခြံများမှ တိုက်ရိုက်ဝယ်ယူရောင်းချကြောင်း၊ ကွမ်းသီးများကို ထားဝယ်မှ တိုက်ရိုက် တင်ပို့သည့် ပြည်မြို့ရှိ ကွမ်းဒိုင်မှတဆင့် မှာယူရောင်းချကြောင်း၊ ကွမ်းစားထုံးကို မကွေးမှ ဝယ်ယူရောင်းချပြီး နှပ်ဆေးနှင့်ဗမာဆေးကို မုံရွာနှင့်ပခုက္ကူမှ ဝယ်ယူရောင်းချကြောင်း သိရသည်။
22 Jul 2025
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်အတွင်းရှိတောင်သူများသည် စပါး၊ပဲ၊ပြောင်း၊ နှမ်းငရုတ်စသည့် သီးနှံမျိုးစုံစိုက်ပျိုးသည့်အပြင် ကုန်စိမ်းသီးနှံ တစ်မျိုးဖြစ်သော ခရမ်းသီး သီးနှံကိုလည်း ရာသီမရွေး တစ်နှစ်ပတ်လုံးစိုက်ပျိုးကြပါသည် ။ ခရမ်းသီးစိုက်ပျိုးမည်ဆိုလျှင် မျိုးစေ့ ကိုပျိုးထောင်ပြီး (၁)လခွဲသားအရွယ်တွင် စတင်စိုက်ပျိုးရကြောင်း ၊ ၂လခွဲ ၃လကျော် အချိန်တွင် အသီးများစတင်ခူးဆွတ်နိုင်ပြီး (၄)ရက်ခြားတစ်ကြိမ် ခူးဆွတ်ရကြောင်း ၊ စတင်ခူးဆွတ် သည်မှ တစ်ပတ်နှင့်တစ်ပတ်အထွက်နှုန်းပိုမိုလာကြောင်း ၊ (၁)ဧက အထွက
22 Jul 2025
မွန်ဂိုလီးယားနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု ပမာဏသည် ယခုနှစ်ပထမနှစ်ဝက်တွင် အမေရိကန်ဒေါ်လာ ၁၂.၁ ဘီလီယံအထိ တစ်နှစ်ထက်တစ်နှစ် ၈.၇ ရာခိုင်နှုန်းကျဆင်းသွား ခဲ့ကြောင်း မွန်ဂိုလီးယားအကောက်ခွန်အထွေထွေအုပ်ချုပ်ရေး၏ အချက်အလက်များကို ကိုးကား၍ ပြည်တွင်း မီဒီယာများက ဇူလိုင်လ ၇ ရက်နေ့တွင် ဖော်ပြခဲ့သည်။

Pages