ကုန်သွယ်မှုသတင်းများ
Powered by Drupal
23 Jul 2025
သီရိလင်္ကာ ပို့ကုန်များအပေါ် အခွန် ၄၄ ရာခိုင်နှုန်း ပြန်လည်သတ်မှတ်ပြီး ပြိုင်ဘက်ကုန်သွယ် ဖက်များအပေါ် အခွန်လျှော့ချမည်ဆိုပါက သီရိလင်္ကာ၏ GDP သည် ၁.၅ ရာခိုင်နှုန်းအထိ ကျဆင်း သွားနိုင်ကြောင်း IMF အစီရင်ခံစာတွင် ဖော်ပြထားသည်။ လက်ရှိတွင် သီရိလင်္ကာနိုင်ငံသည် အကောက်ခွန် ၄၄ ရာခိုင်နှုန်းကို ဇူလိုင် ၉ ရက်အထိ ဆိုင်းငံ့ထား သောကြောင့် အမေရိကန်သို့ ပို့ကုန် ၁၀ ရာခိုင်နှုန်း အခွန်ဆောင်ရန် ရင်ဆိုင်နေရသည်။ အထူးသဖြင့် အထည်ချုပ်ကဏ္ဍအတွက် အမြတ် အစွန်းများ လျောနည်းသွားသည်ဟု IMF မှ ပြောကြားခဲ့ပြီး အဆိ

23 Jul 2025
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း (ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် တောင်ဒဂုံမြို့အတွင်းရှိ စားအုန်းဆီ လက်လီ/ လက်ကား ရောင်းချနေသော ကုန်စုံဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

22 Jul 2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ ယခုနှစ်တွင် စပါးမျိုးကောင်း မျိုးသန့်တိုးပွားစေရန်နှင့် ဆန်စပါးဖူလုံစေရန် ရည်ရွယ်၍ မိုးစပါး (၈၈၀၈၇)ဧက လျာထားစိုက်ပျိုးမည် ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

22 Jul 2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ဝါတော ကျေးရွာများတွင် သင်္ဘောပင်ကို စိုက်ပျိုးကြပြီး သင်္ဘောပင်ကို မွေးမြူရေး ငါးကန် ပတ်ချာ လည်များတွင် ငါးကန်အကာ အနေဖြင့် လည်းကောင်း၊ အုန်းခြံများတွင် ကြားညှပ် သီးနှံအဖြစ် စိုက်ပျိုးနေကြောင်း တွေ့ရှိရသည်။ ယခု သင်္ဘောပင် ၁ဧကသာ စိုက်ပျိုးထားပြီး မအူပင်ခရိုင်အနေဖြင့် သင်္ဘောစိုက်ဧက ၁၇ ခန့် ရှိကြောင်း သိရသည်။

22 Jul 2025
မအူပင်ခရို်င ပန်းတနော် မြို့နယ်တွင် ဗူးစိုက်ပျိုးသူများရှိပြီး မိုးတွင်ကာလတွင် ဗူးသီးများထွက်ရှိ၍ ဈေးကောင်းလျက်ရှိသည်။ ပန်းတနော်မြို့နယ်တွင် ဗူး စိုက်ဧက ၁၅၂ ဧက စိုက်ပျိုးကြောင်း သိရသည်။ ဗူးသည် စိုက်ပျိုးမှု ကုန်ကျစရိတ်သက်သာပြီး ဝင်ငွေကောင်းမွန်သော သီးနှံဖြစ်၍ စိုက်ပျိုးသူများပြားသည်။

