
စင်္ကာပူနိုင်ငံ၏ ရေနံမဟုတ်သော ပြည်တွင်းပို့ကုန်များ (NODX) သည် ဇွန်လတွင် ၁၂.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း ဇူလိုင်လတွင် ၄.၆ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း Enterprise Singapore က သြဂုတ်လ ၁၈ ရက်နေ့က ပြောကြားခဲ့ပါသည်။
အီလက်ထရောနစ်မဟုတ်သောပစ္စည်းများ တင်ပို့မှုကျဆင်းခဲ့သော်လည်း အီလက်ထရော နစ်ပစ္စည်းများ တင်ပို့မှု တိုးတက်ခဲ့ပါသည်။
ရေနံမဟုတ်သော ပစ္စည်းများ ပြန်လည်တင်ပို့မှုမှာ ဇွန်လတွင် ၁၈.၃ ရာခိုင်နှုန်းတိုးတက် ခဲ့ရာမှ ဇူလိုင်လတွင် ၂၂.၁ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။ အီလက်ထရောနစ်နှင့် အီလက်ထရောနစ် မဟုတ်သောပစ္စည်းများ နှစ်မျိုးလုံးတွင် အမြတ်အစွန်း ရရှိခဲ့ပါသည်။
စုစုပေါင်း ကုန်သွယ်မှုသည် ဇူလိုင်လတွင် ယခင်နှစ်ကထက် ၈.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ယခင်လက ၅.၃ရာခိုင်နှုန်း တိုးတက်ခဲ့ခြင်းမှ ပိုမိုမြင့်တက်လာကြောင်း အေဂျင်စီမှ ပြောကြားခဲ့ ကြောင်း သိရှိရပါသည်။
Source : Xinhua
DOCA(ရန်ကုန်)