ကုန်သွယ်မှုသတင်းများ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ကင်ပွန်းချဉ်ပင်များကို နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ ယာကွက်ခြံစည်ရိုးများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်း သိရသည်။ ကင်ပွန်းချဉ်ရွက်သည် အူရှင်းစေသောအစားအစာဖြစ်ပြီး ကင်ပွန်းသီးကိုလည်း ခေါင်းလျှော်ရည်ထဲတွင် ထည့်သွင်းအသုံးပြုကြပါသည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ရှမ်းချောင်းရပ်ရှိ ကုန်စိမ်းဈေးတွင် ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများအား အများအားဖြင့် ရန်ကုန်မြို့မှ ကားများဖြင့် သယ်ယူရောင်းချလျက်ရှိပါသည်။ ကုန်စိမ်းဈေးမှတဆင့် မြို့ပေါ်ရှိရပ်ကွက်များသို့ ဈေးလှည်းများဖြင့် လာရောက်ရောင်းချကြပါသည်။

မင်းကွတ်သီးသည် အရည်ရွှမ်းပြီး နူးညံ့သိမ်မွေ့သော အသွင်အပြင်နှင့် အနံ့အရသာ ရှိကြောင်း၊ အခွံအညိုရောင်ရှိပြီး နွှာလိုက်လျှင် အထဲမှာ အဖြူရောင်အမြွှာလေးဖြစ်ကြောင်း၊ မင်းကွတ်သီးသည် ချိုချိုချဉ်ချဉ် အရသာရှိသောကြောင့် အအီပြေစေတဲ့အသီးအဖြစ် လူတော်တော် များများက စားကြကြောင်း၊ ကန့်ဘလူမြို့နယ်တွင် ရောင်းချနေသည့် မင်းကွတ်သီးများကို မော်လ မြိုင်မှလည်းကောင်း၊ မန္တလေးမှလည်းကောင်း ဝယ်ယူရောင်းချကြောင်း သိရှိရသည်။

ဒညင်းသီးပင်ကို ကရင်၊ ပဲခူး၊ မော်လမြိုင်နှင့် ရခိုင် စသည့်ဒေသများတွင် အများဆုံးပေါက်ရောက်ပါတယ်။ ဒညင်းသီးကိုစားသုံးသူ တော်တော်များများ စားသုံးကြိုက်နှစ်သက်တဲ့ အစားအစာ တစ်ခုအဖြစ် တွေ့ရကြောင်း၊ ဒညင်းသီးအုန်းနို့ဆမ်း၊ ဒညင်းသီးဝက်သားချက်၊ ဒညင်းသီးပြုတ်ဆီ ဆမ်းဆားဖြူးစားဖြူးစားတာတို့ ဒညင်းသီးမီးဖုတ် ငပိရည်နဲ့တို့စားတာ စသည်ဖြင့်အမျိုးမျိုးစားသုံး ကြကြောင်း၊ သို့သော် ဒညင်းသီးသည် တန်ဆေးလွန်ဘေး ဆိုသည့်အတိုင်းမဖြစ်အောင် စားသုံးရန် လိုအပ်ကြောင်း လေ့လာသိရရှိရပါသည်။
