ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ အာလူးကို မကွေးမြို့၊ မင်းဘူးမြို့တို့ရှိပွဲရုံများမှ မှာယူရောင်းချသည့်အပြင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နှင့် အောင်ပန်းမြို့တို့မှ မှာယူရောင်းချကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်တွင် ကွမ်းရွက်များကို ဧရာဝတီတိုင်းဒေသကြီး ကနောင်၊ မြန်အောင်၊ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်း၊ ပေါင်းတလည်၊ စစ်ကိုင်း တိုင်းဒေသကြီး မုံရွာမြို့တို့ရှိကွမ်းခြံများမှ တိုက်ရိုက်ဝယ်ယူရောင်းချကြောင်း၊ ကွမ်းသီးများကို ထားဝယ်မှ တိုက်ရိုက်တင်ပို့သည့် ပြည်မြို့ရှိ ကွမ်းဒိုင်မှတဆင့် မှာယူရောင်းချကြောင်း၊ ကွမ်းစား ထုံးကို မကွေးမှဝယ်ယူရောင်းချပြီး နှပ်ဆေးနှင့်ဗမာဆေးကို မုံရွာနှင့်ပခုက္ကူမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ အင်းကွင်း၌ တောင်သူ(၃၀)ဦးမှ မိုးနှမ်းဧက(၄၀)ဧကခန့်အား ၂၀၂၅ခုနှစ်၊ ဧပြီလ(စတုတ္ထပတ်)မှ စတင်၍ စိုက်ပျိုး ထားကြောင်း သိရသည်။

သနပ်ခါးဆိုလျှင် မြန်မာအမျိုးသမီးများ ကြိုက်နှစ်သက်စွာ ခြေအဆုံး ခေါင်းအဆုံးလိမ်းသူများ များကြသည်။ သနပ်ခါးတုံးတွင် အဖြူပွေး၊ အဝါးပွေးဟူ၍ရှိပြီး နှစ်သက်ရာ အရောင်းကို ဝယ်ယူ၍ လိမ်းကြသည်။ သနပ်ခါး တုံးကို လွှဖြင့် ဖြတ်ရာမှ ကျန်ရှိသော အပယ်ခံ အတုံးများကို စက်ဖြင့် ကြိတ်၍ လက်သွေးခဲကလေးများပြုလုပ်၍လည်း ရောင်းချကြသည်။

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့ တွင် မအူပင်မြို့ရှိ ဆောက်လုပ်ရေးသုံး ဘိလပ်မြေ အပါချီ တစ်အိတ်လျှင် (၂၈၀၀၀) ကျပ်၊ (YoJin) တစ်အိတ်လျှင် (၂၉၀၀၀)ကျပ်၊ ကြံနီတစ်အိတ်လျှင် (၂၉၅၀၀)ကျပ် အရောင်းအဝယ်ဖြစ်နေသည်။
