ကုန်သွယ်မှုသတင်းများ
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှစ၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ဝက်သားစျေးနှုန်းများမှာ (၃၄၀၀၀)ကျပ်အထိ မြင့်တက်ခဲ့ကြောင်းသိရှိရပါသည်။ ဝက်သားစျေးနှုန်းများမြင့်တက်လာရခြင်း အကြောင်းအရင်းများမှာ ဝက်စာစျေးနှုန်းများ၊ ဒေသတွင်းဝက်မွေးမြူရေးလုပ်ငန်းများ နည်းပါးလာခြင်းများဖြစ်ကြောင်း ဝက်သားဒိုင်များမှ သိရှိရပါသည်။

နေ့စဉ် လူတို့ချတ်ပြုတ်စားသောက်ရာတွင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ခရမ်းချဉ်သီးသည် တစ်မျိုးအပါအဝင်ဖြစ်ပါသည်။ ထားဝယ်မြို့၊ စည်ပင်သာယာစျေးကြီး၊ ကမ်းနားပျံကျစျေးနှင့် အခြားရပ်ကွက်စျေးများတွင် ရောင်းချလျက်ရှိသော ခရမ်းချဉ်သီးများကို ရန်ကုန်၊ မန္တလေးပွဲရုံများမှ ဝယ်ယူရောင်းချကြပြီး ယခုအခါတွင် ခရမ်းချဉ်သီးသည် ရောင်းအားကောင်းလျက်ရှိပါသည်။

စတော်ဘယ်ရီသီးများကို ယခင်က တောင်ပေါ်ဒေသတွင် စိုက်ပျိုးခဲ့ပြီး ယခုအခါတွင် တောင်ပေါ်၊ မြေပြန့်နေရာဒေသအသီးသီးတွင် စိုက်ပျိုးလာကြကြောင်း၊ တောင်ပေါ်ဒေသဖြစ်သည့် ပြင်ဦးလွင်မြို့တွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းမှ စီးပွားဖြစ်စိုက်ပျိူးလာကြကြောင်း သိရပါသည်။ ယခုရာသီချိန်တွင် စတော်ဘယ်ရီသီးများထွက်ပေါ်လာပြီဖြစ်၍ စျေးကွက်အတွင်းရောင်းအား ကောင်းနေကြောင်း၊ ရန်ကုန်စျေးကွက်မှရောက်ရှိလာသော စတော်ဘယ်ရီသီးများကို ထားဝယ်မြို့ရှိ သစ်သီးဆိုင်များမှ ဘူးအကြီး(၁)ဘူးလျှင် ၄၀၀၀ကျပ် နှင့် ဘူးအသ

ဆလပ်ရွက်ကို အစိမ်းရောင်မုန်လာရွက်ဟုလည်းခေါ်ကြသည်။ တစ်ခြား အစားစားများနှင့် တွဲဖက်စားသည့်အရွက်အနေဖြင့်လည်း စားသုံးကြသည်။ ဆလပ်ကို မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်ပြီး အကောင်းဆုံးမှာ သဲနုန်း သို့မဟုတ် နုန်းမြေတွင် နွားချေးမြေဆွေးနိုင်နိုင် ထည့်ပေးခြင်းဖြစ်သည်။ အစိုဓာတ်ကို နှစ်သက်သဖြင့် ရေကိုဖောဖောသီသီ လောင်းပေးရန် လိုအပ်ပါသည်။
ယခုအခါ ထားဝယ်စျေးကွက်၌ ဆလပ်ရွက်တစ်စည်းလျှင် (၄၀၀- ၆၀၀)ကျပ်အသီးသီးရှိကြောင်း သိရှိရပါသည်။

ထားဝယ်မြို့တွင် စားဖိုဆောင်သီးနှံဖြစ်သော ငရုတ်သီးခြောက်ကို ထားဝယ်မြို့ရှိ ပွဲရုံများမှတဆင့် ဈေးများ၊ ကုန်စုံဆိုင်များ၊ ကျေးရွာများသို့ လက်လီ/လက်ကားရောင်းချကြကြောင်း သိရှိရပါသည်။ ရန်ကုန်ပွဲရုံများမှ သယ်ယူရောင်းချလျက်ရှိပြီး စားသုံးသူများပြားပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
