Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
19 Jun 2025

             မြင်းခြံမြို့နယ် ကျေးရွာအချို့သည် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်စားသောက်ကြရာ စပါးခင်း၏ ကန်သင်ရိုးတွင် စားဖိုဆောင်သီးနှံဖြစ်သော ပဲသီးတောင့်ရှည်ကိုလည်း တိုင်ထောင်၍ အပိုဝင်ငွေရရှိရန် တိုင်ထောင်၍ စိုက်ပျိုးကြကြောင်း သိရသည်။ ဆောင်းရာသီဖြစ်သော ဇန္နဝါရီလ တွင် စတင်ခူးဆွတ်ရောင်းချရကြောင်း ၊ မြင်းခြံမြို့ပေါ်ရှိ မြို့မစည်ပင်သာယာဈေး၊ အေးမြသီတာ ဈေးနှင့် စံပြဈေးတို့တွင် အချို့က ဖောက်သည်ပေးပြီး အချို့က ကိုယ်တိုင်ရောင်းချကြောင်း ဒေသခံတောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။

19 Jun 2025

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်  မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့် ဖြူး ရောင်းချရေးအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့်  ပြည်သူများသက်သာသောဈေးနှုန်းဖြင့် ဝယ်ယူ ရရှိနိုင်ရန် ရည်ရွယ်၍သတ်မှတ်ရည်ညွှန်းဈေးများအား အပတ်စဉ်သောကြာနေ့တိုင်း ထုတ်ပြန် လျက်ရှိကြောင်း  သိရှိရသည်။

19 Jun 2025

            ကြက်သွန်ချဉ်သည် အရသာရှိပြီး အစာခြေစနစ်အတွက်ကောင်းမွန်သော အစားအစာ တစ်ခုဖြစ်ကြောင်း သိရှိရသည်။ မြင်းခြံမြို့နယ်အတွင်းရှိ ရောင်းချနေသော ယခုဇွန်လအတွင်း ကြက်သွန် ချဉ် ၂၅ ကျပ်သား တစ်ထုတ်လျှင် ၁၅၀၀ ကျပ်၊ တစ်ပိဿာလျှင် (၅၅၀၀) ကျပ်ပေါက်ဈေးများ ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင် မေလ ကြက်သွန်ချဉ် ၂၅ ကျပ်သားလျှင် (၂၀၀၀) ကျပ်၊ တစ်ပိဿာ လျှင်(၇၀၀၀) ကျပ်ပေါက်ဈေးများဖြင့်ရောင်းချခဲ့ကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခင်လထက် ယခုလတွင် ကြက်သွန်ချဉ် ၂၅ ကျပ်သားလျှင် (၅၀၀)ကျပ်၊ တစ်ပိဿာလျှင်

19 Jun 2025

            ပြောင်းဖူးသည် အာဟာရဓာတ်ကြွယ်ဝပြီး ကျန်းမာရေးအတွက် အထောက်အကူပြုသော ကောက်နှံတစ်မျိုးဖြစ်ကြောင်း၊ မြင်းခြံမြို့နယ်အတွင်းရှိ စည်ပင်သာယာဈေးများတွင် ယခုဇွန်လ တတိယပတ်တွင် ရောင်းချနေသော ပြောင်းဖူးတစ်ဖူးလျှင်လက်လီဈေး (၅၀၀-၆၀၀)ကျပ် ပေါက်ဈေးများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ယခင်မေလတွင် ရောင်းချခဲ့သော ပြောင်းဖူး တစ်ဖူးလျှင် လက်လီဈေး(၄၀၀-၅၀၀)ကျပ် ပေါက်ဈှေးများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခင်လထက် ယခုလတွင် ပြောင်းဖူးတစ်ဖူးလျှင်(၁၀၀)ကျပ်ခန့် ဈေးနှုန်း

19 Jun 2025

             မန္တလေးဒေသ ပတ်ဝန်းကျင်ဖြစ်သည့် အမရပူရ၊ ပုသိမ်ကြီး၊ မတ္တရာ၊ ပြင်ဦးလွင် ဒေသများ နှင့် ရှမ်းပြည်နယ် တောင်ပိုင်းဒေသများမှ ထွက်ရှိသည့် ပန်းဂေါ်ဖီပွင့်ဖြူနှင့် ပန်းဂေါ်ဖီပွင့်စိမ်းများ စျေးကွက်အတွင်း ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်း ပန်းဂေါ်ဖီပွင့်ဖြူ နှင့် ပန်းဂေါ်ဖီပွင့်စိမ်း မှာအရောင်းသွက်သည့်ကုန်စိမ်းအမယ်များဖြစ်ပြီး၊ ပန်းဂေါ်ဖီစိမ်းမှာ နူးညံ့မှု ပိုသည့်အတွက် စျေးပိုရကြောင်း သိရှိရပါသည်။ ပန်းဂေါ်ဖီစိမ်းသည်ကယ်လ်လိုရီနည်းသည့်ဟင်း

Pages